ဘက်စုံသုံးအတွက် သင့်တော်သည့် HUAWEI MatePad အမျိုးအစားသစ်ကို မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်တော့မည်။

Huawei Consumer Business Group (CBG) မှ ဖျော်ဖြေရေး၊ တီထွင်ဖန်တီးမှု အတွက်သာမက သင်ကြားရေးနှင့် လုပ်ငန်းခွင် အသုံးပြုမှုအတွက်ပါ သင့်တော်ကောင်းမွန်သည့် တက်ဘလက်အမျိုးအစားသစ်ဖြစ်သော HUAWEI MatePad ကို မြန်မာနိုင်ငံတွင် ရောင်းချတော့မည် ဖြစ်ပါသည်။ ၁၀.၄ လက်မအရွယ် Full-View Display အမျိုးအစား၊ Video Conferencing များအတွက်ပိုမိုအဆင်ပြေစေမည့် FollowCam နည်းပညာသစ် အရှေ့ကင်မရာ၊ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဘက်စုံအသုံးပြုမှုအတွက် သင့်လျော်သည့် 7nm အရွယ် SOC ဖြစ်သည့် Kirin 810 အမျိုးအစားတို့ဖြင့် ပွဲထွက်လာတာဖြစ်ပြီး M-Pencil နှင့် Keyboard အပါအဝင်ကို မြန်မာငွေ ၅၉၉၀၀၀ ကျပ်ဖြင့်ရောင်းချသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၀ရက်နေ့မှ ၃၁ ရက်နေ့အထိ Pre-Order ကာလအဖြစ်သတ်မှတ်ထားပြီး Pre-Order ကာလအတွင်း မှာယူကြသူများအတွက်လည်း အထက်ပါ MatePad ၊ M-Pencil နှင့် Keyboard အပြင်၊ Bluetooth Mouse နှင့် Bluetooth Headphone ကိုပါ ထပ်မံရရှိသွားမှာဖြစ်သည်။

HUAWEI MatePad ၏ ပြင်ပ ဒီဇီုင်းပိုင်းသည် မကြာမီကထွက်ရှိဖြန့်ချီခဲ့သည့် HUAWEI MatePad Pro နှင့်ဆင်တူပြီး Premium ဆန်သည့် ဒီဇိုင်းအတွေ့အထိကို ၇.၉မီလီမီတာအထိ ကျဉ်းမြောင်းသည့် ဘေးဘောင်၊ screen-to-body အချိုးအစား ၈၄% အထိရရှိစေမည့် မြင်ကွင်းကျယ်ကျယ်နှင့် အသုံးပြုနိုင်စေရန် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ အလေးချိန်အားဖြင့် ၄၅၀ ဂရမ် (ဖုန်းနှစ်လုံးခန့်အလေးချိန်) သာရှိပြီး သွားလေရာကို စတိုင်ကျကျဖြင့်အလွယ်တကူယူဆောင်သွားနိုင်မှာပဲဖြစ်ပါသည်။

မျက်နှာပြင်အကျယ်အနေနှင့် ၁၀.၄လက်မအရွယ် 2K FullView display အမျိုးအစားဖြစ်ပြီး 2000 x 1200 resolution နှင့် 224 (Pixels Per Inch) ထိထောက်ပံ့ပေးမှာပဲဖြစ်ပါသည်။ ဓာတ်ပုံနှင့်ဗီဒီယို ကြည့်ရှုမှုများ အရောင်ခွဲခြမ်းစိတ်ဖျာမှုပိုင်းနှင့် Dynamic Range ကောင်းကောင်းကို ခံစားနိုင်မှာဖြစ်သည့်အပြင် TÜV Rheinland certified လက်မှတ်ရရှိထားသောကြောင့် အပြာရောင်အလင်းတန်းများကို လျှော့ချပေးပြီး မျက်စိနှင့်အမြင်အာရုံ ထိခိုက်မှုကိုလျော့နည်းစေမှာပဲဖြစ်ပါသည်။ ထို့အပြင် Audio ပိုင်းအတွက် Harman Kardon နှင့်ပူးပေါင်းထုတ်လုပ်ထားသည့် စပီကာ ၄လုံးကို အသုံးပြုထားသည့်အပြင် Software ပိုင်းတွင်လည်း Huawei ၏ ကိုယ်ပိုင်နည်းပညာဖြစ်သည့် Histeon 6.0 နှင့်အတူ 3D Stereo Sound Effect များအထိပါ နားထောင်နိုင်စေရန် ဖန်တီးစီမံထားသည့်အတွက် အကောင်းဆုံး Multimedia အတွေ့အကြုံကို ခံစားရရှိစေမှာဖြစ်ပါသည်။

နေ့စဉ်အသုံးပြုမှု စွမ်းဆောင်ရည်ပိုင်းအတွက် 2.27GHz octa-core CPU  အမျိုးအစားဖြစ်သော Kirin 810 (7nm SOC) ကိုအသုံးပြုထားသည့်အတွက် စွမ်းဆောင်ရည်ပိုင်းတွင် စိတ်ပူပန်စရာမလိုပဲ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်မှုနှင့် ဖျော်ဖြေရေး App များ၊ Social Media App များကို အထစ်အငေါ့မရှိ အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ ထို့အပြင် Huawei ၏ GPU Turbo 3.0 ကိုလည်း အထောက်အပံ့ပြုလုပ်ထား၍ ဂိမ်းကစားမှု အပိုင်းအတွက်လည်း အကောင်းဆုံးအတွေ့အကြုံကို ရရှိစေမှာဖြစ်ပါသည်။ ဘက်ထရီပမာဏပိုင်းအတွက် 7250 mAh ပမာဏရှိ ဘက်ထရီကို အသုံးပြုထားပြီး ဗီဒီယိုကြည့်ရှုမှု၊ အင်တာနက်အသုံးပြုမှုများကို ၁၂ နာရီဆက်တိုက်ပြုလုပ်နိုင်စွမ်း ရှိမှာဖြစ်ပြီး ပြန်လည်အားအားသွင်းရန်အတွက် 10W Charger တစ်ပါတည်းပါဝင်မှာဖြစ်ပါသည်။

Huawei MatePad သည် EMUI 10.1 နှင့်ထွက်ရှိလာမှာဖြစ်ပြီး မြင်ကွင်းကျယ် မျက်နှာပြင်ကို ပြည့်စုံကောင်းမွန်စွာ အသုံးချနိုင်ရန် App နှစ်ခုကို တပြိုင်နက် အသုံးပြုနိုင်မည့် Multi-Window  စနစ်၊ Floating Windows မှတဆင့် Message များကို ပြန်နိုင်မည့် features များနှင့် အချို့သော App များကိုပွားသုံးနိုင်မည့် App Multiplier  fetaures တို့ပါဝင်လာမှာဖြစ်ပါသည်။ ထို့အပြင်လည်း အခြားသော Huawei Smart Devices များနှင့် ချိတ်ဆက်ပြီး အသုံးပြုနိုင်မည့် Multi-screen Collaboration  Features လည်းပါဝင်လာဦးမှာဖြစ်ပြီး Tablet တစ်ခုတည်းဖြင့် စမတ်ဖုန်းကိုပါ ချိတ်ဆက်ပြီး Screen တစ်ခုတည်းတွင် အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ဖုန်းဝင်လာမှုများ၊ ဖုန်းမက်ဆေ့များဝင်လာတာကို Tablet ပေါ်တွင်တစ်ခါတည်း လုပ်ဆောင်နိုင်မည့် နည်းပညာဖြစ်ပါသည်။

လုပ်ငန်းသုံးနှင့်သင်ကြားရေးအပိုင်းအတွက် အထောက်အကူဖြစ်စေမည့် အားသာချက်များလည်း Huawei MatePad တွင် ပါဝင်ပါသေးသည်။ အရည်အသွေးမြင့်မားသည့် Speaker လေးလုံးအပါ အဝင် Microphone ၄လုံး လည်းပါဝင်သည့်အတွင် Video Call ပြောဆိုမှုများတွင် Tablet နှင့် ၅မီတာခန့်အကွာမှပင် ကြည်လင်ပြတ်သားစွာပြောကြားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အရှေ့ကင်မရာကို 8MP wide-angle front camera အသုံးပြုထားသည့်အပြင် ထူူ့းခြားချက်အနေနှင့် FollowCam  နည်းပညာသစ်ကို ပါထည့်သွင်းပေးထားပါသည်။ FollowCam နည်းပညာသည် ရွှေ့လျားနေသော အရာဝတ္ထုပေါ်မူတည်ပြီး မြင်ကွင်းကို လိုသလို ချဲ့မြင်စေရမည်ဖြစ်သည့်အပြင် ကိုယ်ဟန်ဖြင့်ပါ ထိန်းချုုပ်နိုင် (Gesture Control) သည့် Features များဖြစ်သည့်  Smart View, Spotlight mode and Camera Gestrue အစရှိသည်တို့ကို ပြုလုပ်နိုင်မှာဖြစ်ပါသည်။ ထို့အပြင် Huawei M Pencil နှင့် Smart keyboard တို့ကို ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်သည့် အတွက် စမတ်ကျကျ အသုံးပြုနိုင်မှာပဲဖြစ်သည်။

HUAWEI MatePad ကို RAM 4GB, Storage 64 ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ဇူလိုင်လ (၁၀)ရက်မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ Huawei MatePad ကို ၅၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ဝယ်ယူသူတိုင်းအတွက် HUAWEI M-Pencil နှင့် Keyboard ကိုလက်ဆောင်ရရှိမှာဖြစ်ပါသည်။ ထို့အပြင် Huawei Cloud 15GB ကိုတစ်နှစ်အသုံးပြုခွင့်နှင့် USD 29.99 တန်ဖိုးရှိသည့် WPS Premium Software ကိုလည်း USD 9.99 သာပေးသွင်းရုံဖြင့် (၁) နှစ်စာ အသုံးပြုနိုင်မှာဖြစ်ပါသည်။ ထို့အပြင် Pre-Order မှာယူသူများအတွက် အထက်ပါလက်ဆောင်များအပြင် Bluetooth Mouse နှင့် Bluetooth Headphone ကိုပါ ထပ်မံလက်ဆောင်ရရှိဦးမည်ဖြစ်ပါသည်။

https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/

Previous
Previous

အနာဂတ် Apple ရဲ့ MacBook တွေဟာ iPhone တွေနဲ့တူလာနိုင်ချေရှိ iPhone တွေရဲ့ခေတ်ပြောင်းဒီဇိုင်းဟာ MacBook တွေများဖြစ်လာနိုင်မလား။

Next
Next

မြန်မာနိုင်ငံ ဈေးကွက်အတွင်းရှိ 1 year Warranty ပါရှိသော ပထမဉီးဆုံး TWS Earbuds ဖြစ်လာမည့် Hipods H2 ကို TECNO Mobile မှ စတင်မိတ်ဆက်