နောက်ဆုံးပေါ် Samsung Galaxy A21s စမတ်ဖုန်းအသစ်အား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
စွမ်းဆောင်ရည်မြင့်မားသော စမတ်ဖုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရယူသုံးစွဲလိုသူများအတွက် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် နောက်ဆုံးပေါ် Galaxy A Series မျိုးဆက်အသစ် A21s စမတ်ဖုန်း အား Samsung Myanmar မှ ယနေ့ စတင် မိတ်ဆက်ခဲ့သည်။ သာမန် mid-range စမတ်ဖုန်းများထက် ပိုမိုအဆင့်မြင့်မားကောင်းမွန်သော လုပ်ဆောင်ချက်များအား ထည့်သွင်းပေးထားသည့် Galaxy A21s စမတ်ဖုန်း အသစ်တွင် စွမ်းဆောင်ရည်မြင့် ကင်မရာ ၄ လုံး၊ ကြာရှည်ခံ 5000 mAh ပမာဏရှိ ဘက်ထရီနှင့် ကြီးမားကျယ်ပြန့်သော HD+ infinity-O မျက်နှာပြင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

Galaxy A21s
Galaxy A21s စမတ်ဖုန်းအား စွဲမက်ဖွယ် ဒီဇိုင်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ၆.၅” HD+ Infinity-O မျက်နှာပြင်၏ ဘယ်ဖက် အပေါ်ထောင့်တွင် pin-hole ကင်မရာထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများအနေနှင့် ဂိမ်းကစားရာတွင် ဖြစ်စေ၊ ဗီဒီယိုများကြည့်ရှုရာတွင် ဖြစ်စေ ကြီးမားကျယ်ပြန့်သော မျက်နှာပြင်ဖြင့် Full HD+ ရုပ်ထွက်အရည်အသွေးရှိ ပုံရိပ်များအား စိတ်ကျေနပ်မှု အပြည့်ဖြင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Rear Fingerprint Scanner (ကျောဖက် လက်ဗွေရာ လုံခြုံရေးစနစ်) နှင့် Face Recognition (မျက်နှာပြင်ဖတ်ရှု လုံခြုံရေးစနစ်) များလည်း ပါရှိသောကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား လုံခြုံမှုအပြည့်ဖြင့် သိမ်းဆည်း ထားနိုင်မည် ဖြစ်သည်။
Galaxy A21s စမတ်ဖုန်းတွင် စွမ်းဆောင်ရည်မြင့်မားသော ကင်မရာ ၄ လုံးအား ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများ အနေနှင့် ၎င်းတို့အတွက် အမှတ်ရဖွယ် အခိုက်အတန့်များအား ရှုထောင့်အမျိုးမျိုးမှနေ၍ စိတ်တိုင်းကျ ရိုက်ကူးသိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ သုံးစွဲသူများ အနေနှင့် 48 MP Main Camera၊ 8 MP Ultra Wide lens၊ Macro lens နှင့် Depth Camera များ ပါဝင်သည့် Galaxy A21s စမတ်ဖုန်းအား အသုံးပြု၍ မည်သည့်နေရာ၊ မည်သည့် အချိန်တွင်ဖြစ်စေ ကြည်လင်ပြတ်သားမှု အပြည့်ရှိသည့် ပုံရိပ်များနှင့် ဗီဒီယိုများအား ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် ရုပ်ရှင်နှင့် ဗီဒီယို ကြည့်ရှုခြင်း၊ သီချင်းနားထောင်ခြင်းနှင့် ဂိမ်းကစားခြင်းများအား အပူအပင် မရှိ လုပ်ဆောင်နိုင် ရန်အတွက် ၂၁ နာရီအထိ အသုံးခံမည့် 5000 mAh ဘက်ထရီအား ထည့်သွင်းပေးထားသည့် အပြင် 15 W fast charging စနစ်လည်း ပါရှိသည့် အတွက် သုံးစွဲသူများ အနေနှင့် ၎င်းတို့ အနှစ်သက်ဆုံး လုပ်ဆောင်ချက်များအား တစ်စုံတစ်ရာ စိတ်ပူပန်စရာ မလိုပဲ ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ အလားတူပင် နောက်ဆုံးပေါ် Exynos 850 chipset နှင့်အတူ အဆင့်မြှင့်တင်ထားသော AI-powered Game Booster 2.0 စနစ်ကိုလည်း ထည့်သွင်းပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် အကောင်းမွန်ဆုံးသော မိုဘိုင်းဂိမ်းကစားမှု အတွေ့အကြုံများ ကိုလည်း ရရှိခံစားသွားနိုင်မည် ဖြစ်သည်။
သုံးစွဲသူများ၏ ကိုယ်ပိုင် အချက်အလက်များ လုံခြုံစိတ်ချမှု အပြည့်အဝ ရှိစေရန်အတွက် Samsung သည် Galaxy A21s စမတ်ဖုန်းတွင် ၎င်း၏ ကိုယ်ပိုင် အဆင့်မြင့် လုံခြုံရေးစနစ် Samsung Knox ကိုလည်း ထည့်သွင်းပေးထားသည်။ သို့ဖြစ်၍ သုံးစွဲသူများ အနေနှင့် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဒေတာချိုးဖောက်ရယူမှုများနှင့် အခြားသော လုံခြုံရေးပိုင်း ဆိုင်ရာ ခြိမ်းခြောက်မှုများအတွက် တစ်စုံတစ်ရာ စိုးရိမ်ပူပန်ရန် လိုအပ်တော့မည် မဟုတ်ပေ။
တောက်ပဆန်းသစ်၍ လူကြိုက်များသော အနက်၊ အဖြူနှင့် အပြာ အရောင် ၃ မျိုးဖြင့် ရရှိနိုင်သည့် Galaxy A21s စမတ်ဖုန်း အသစ်အား မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy A21s စမတ်ဖုန်းအား 3GB RAM/32GB ROM နှင့် 6GB RAM/64GB ROM ဟူ၍ version ၂ မျိုးဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည့်အတွက် အသုံးပြုသူများ အနေနှင့် ၎င်းတို့၏ လိုအပ်ချက်များအပေါ်မူတည်၍ ရွေးချယ် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ နှုန်းထားအရမှု 3GB RAM/32GB ROM version အတွက် မြန်မာငွေကျပ် ၂၆၉,၀၀၀ နှင့် 6GB RAM/32GB ROM version အတွက် မြန်မာငွေကျပ် ၃၂၉,၀၀၀ ဟူ၍ သတ်မှတ်ထားသည်။

A21s စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများအတွက် အထူးအခွင့်အရေးများ
Galaxy A21s စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများအနေနှင့် No Worry Crack ဝန်ဆောင်မှုအပြင် ထပ်ဆောင်း အင်တာနက် အစီအစဉ်များနှင့် ဖုန်းခေါ်ဆိုခွင့်မိနစ်များကိုလည်း အပိုလက်ဆောင်အဖြစ် ခံစားရရှိသွားနိုင်မည် ဖြစ်သည်။ ဝယ်ယူအားပေးသူများ အနေနှင့် 6 GB Mytel အင်တာနက် အစီအစဉ်နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၆၀၀ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်များ (တစ်ကြိမ်သာ ခံစားခွင့်ရှိမည် ဖြစ်ပြီး ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည်) အား ရရှိသွားမည် ဖြစ်သည်။ No Worry Crack ဝန်ဆောင်မှုအတွက်မူ Galaxy A21s အသုံးပြုသူများ အနေနှင့် ဝယ်ယူပြီးသည့်နေ့မှ ၆ လအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည် ပြုပြင်ရာတွင် ၅၀% လျှော့ဈေးဖြင့် မှန်လဲလှယ်ခွင့် တစ်ကြိမ်အား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။