Captcha ဆိုတာဘာလဲ ကျနော်တို့ဘာကြောင့် Captcha ကိုအလုပ်ရှုပ်ခံပြီးလူဖြစ်ကြောင်းသက်သေထူနေရတာလဲ?
ကျနော်တို့ website တွေမှာ တစ်ခါတစ်လေ မြင်ရတက်တဲ့ security အရဖြေရတက်တဲ့မေးခွန်းတွေရှိပါတယ်။ လူကူးမျဉ်းကျားတွေကိုရွေးပါတို့ကားပုံတွေကိုရွေးပါတို့ အဲ့တာတွေကို captcha လို့ခေါ်ပါတယ်။ကျနော်တို့ အင်တာနက်ပေါ်မှာ comment ပေးတာပဲဖြစ်ဖြစ် sign up လုပ်တာပဲဖြစ်ဖြစ် အမြဲတမ်းမေးခံရပါတယ်။ တစ်ခါတစ်လေမှာ ကို့ဘာသာကိုယ် ဗီဒီယိုလေးဒေါင်းလုပ်ဆွဲတာတောင်မယုံသင်ကာမေးခံရပါတယ်။captcha ကို ကျော်ဖြတ်ဖို့ဆိုရင်သူမေးထားတဲ့ မေးခွန်းတွေကိုဖြေနိုင်မှရမှာပါ။ captcha က သာမန်လူတွေလောက်ပဲ ခေါင်းထဲမှာ စက်ဆက်စဉ်းစားလို့ရမဲ့ ပုံတွေစာတွေကို ကျပန်းထုတ်ပေးတာပါ။ တစ်ခါတစ်လေဆိုကျနော်တို့တွေအတွက်တော်တော်စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါပေမဲ့လည်းဘာလို့ဆိုတာလဲအကြောင်းအရင်းရှိပါတယ်။

Captcha ရဲ့အရှည်ကောက်ကတော့ Completely Automated Public Turing Test လို့ခေါ်ပြီးကွန်ပြူတာနဲ့လူနဲ့ ခွဲခြားတဲ့ program ပဲဖြစ်ပါတယ်။ captcha ကိုဘာကြောင့်သုံးရလဲဆိုတဲ့ ရည်ရွယ်ချက်တစ်ခုပဲရှိပါတယ်။ အဲ့တာကတော့ security အကြောင်းပြချက်တစ်ခုထဲကြောင့်ပါ။ Google အဆိုအရတော့ Captcha ဆိုတာ လူတွေအနေနဲ့ဖြေရလွယ်ပြီး Computer program တွေ AI တွေအနေနဲ့တော့ကျော်လွှားလို့ မလွယ်ကူတဲ့ပုံတွေသချာပုစ္ဆာတွေကိုဖြေရှင်းမှကျော်လွှားနိုင်တဲ့ program ဖြစ်ပါတယ်။ Captcha ဘယ်ကစတာလဲဆိုတော့ search engine တစ်ခုဖြစ်တဲ့ Alta Vista အနေနဲ့ Bots တွေနဲ့ အလိုအလျှောက်ဖန်တီးထားတဲ့ကွန်ပြူတာ Program တွေကSpam တွေ မဟုတ်ကဟုတ်က link တွေ သူတို့ရဲ့ Database မှာလာတက်မှာကိုဘယ်လိုတားဆီးမလဲဆိုပီးစဉ်းစားတာကနေစပါတယ်။ ကွန်ပြူတာတွေအနေနဲ့ ဒီတိုင်း Plain text ကိုဖတ်နိုင်ပေမဲ့ အတွန့်အတက်နဲ့ မညီတဲ့စာတွေကိုတော့လူတွေကလွဲရင်ဖတ်လို့မရပါဘူး။ အဲ့ဒီကနေစပြီးနောက်ပိုင်း site တွေမှာ bots တွေနဲ့ AI တွေကိုတားဆီးဖို့အတွက် Captcha ကိုသုံးလာကြတာပါ။
AI တွေပေါများလာတာနဲ့အမျှကျနော်တို့ online ပေါ်မှာတွေ့တွေ့သမျှတွေဟာလူတွေကလုပ်ထားတာနဲ့ လူတွေက လုပ်ထားတဲ့ AI ကလုပ်ထားတဲ့အရာတွေပါထပ်ပါလာပါတယ်။ အဲ့တာကြောင့်နောက်ပိုင်း system တွေအနေနဲ့ သူတို့ website တွေ ကိုလေ့လာတာပဲဖြစ်ဖြစ်သူတို့ site မှာ sign up လုပ်တာပဲဖြစ်ဖြစ် captcha ကိုသုံးပြီး လူလား bots လား AI လားဆိုတာကိုစစ်တာပါ။ တစ်ခါတစ်လေကျရင် မသာမာသူတွေကသူတို့တိုက်ခိုက်ချင်တဲ့ site တွေ system တွေကို spam တွေ bots တွေ program တွေနဲ့ sign up ခဏခဏလုပ်တော့ request တွေတက် အဲ့တော့နောက်က site ကို အထိုင်ချထားတဲ့ server ကိုအလုပ်တွေမတရားခိုင်းပြီးမဒေါင်းဒေါင်းအောင်လုပ်တာပါ။ အဲ့လိုမျိုးဖြစ်ရပ်တွေကိုကာကွယ်ဖို့အတွက်အသုံးပြုသူတွေကအလုပ်ရှုပ်ခံပြီးကို့ဘာသာကိုလူဖြစ်ကြောင်းသက်သေထူနေရတာပဲဖြစ်ပါတယ်။
Author : Hein Htet