Video စမ်းရိုက်ချင်ပြီး edit စမ်းဖြတ်ချင်သူ Beginner များအတွက် အခမဲ့သုံးစွဲနိုင်တဲ့ video editing software ၅ခု
1. OpenShot

Open Source video editing software တစ်ခုဖြစ်ပြီး Window အတွက်ရော Mac အတွက်ရော support လုပ်ပါတယ်။ ဒီ Software ကသာမန် video editing အလုပ်တွေဖြစ်တဲ့ trim ညှိတာတွေ slice ဖြတ်တာတွေနဲ့ အရိုးရှင်းဆုံး video တစ်ခုကိုဖန်တီးချင်တဲ့လူတွေအတွက်သင့်တော်ပါတယ်။ Timeline ပေါ်မှာ video track တွေကိုအကန့်အသတ်မရှိထည့်နိုင်ပြီး tile template နဲ့ video effect တွေပါပါဝင်ပါတယ်။ Audio editing ပိုင်းမှာဆို waveform သုံးပြီး visualize လုပ်နိုင်ပြီးဘာသာစကားပေါင်း 70 ကျော်အထိထောက်ပံ့ပါတယ်။
2. Kdenlive

ဒီကောင်လဲ Opensource software တစ်ခုဖြစ်ပြီး Window, Mac နဲ့ Linux platform အတွက်ပါရှိပါတယ်။အခုမှ video editing software သုံးမဲ့သူတွေအတွက်အစွမ်းထက်တဲ့ tools ပေါင်းများစွာရှိပြီးအတွေ့အကြုံရှိတဲ့ Video editor အချို့ပါသုံးကြပါတယ်။ Free ဆိုတော့ဒီ software က Linux ပေါ်မှာအရင်နာမည်ကြီးတာဖြစ်ပြီးအခုအချိန်မှာတော့ window ပေါ်မှာပါသုံးလို့ရနေပါပြီ။ Timeline track ပေါ်မှာ Video track တွေအများကြီးသုံးလို့ရပါတယ်။
3. Blender

ဒီ Software က Video editing တစ်ခုထဲအတွက်မဟုတ်ပါဘူး။ 3D content ဖန်တီးမှုတွေအတွက် GNU လိုင်စင်အောက်မှာအဓိက Operating System တော်တော်များများကို support လုပ်ပါတယ်။သူ့မှာအလယ်အလတ် content creation တွေအတွက်လုံလောက်တဲ့ Feature တွေရှိပါတယ်။video editor Software ဘက်မှာဆိုဒီ Software က Window နဲ့ Mac တွေအတွက်အကောင်းဆုံးတွေထဲကတစ်ခုပါ။
4. DaVinci Resolve 16

ဒီ software က Pro ဆိုရင်တော့ပိုက်ဆံပေးရပါတယ်။ Pro version မဟုတ်တဲ့ Free version မှာဆိုရင်တော့တော်ရုံတန်ရုံ edit ဖြတ်တာလောက်တော့လုပ်နိုင်ပါတယ်။ဒါပေမဲ့ Pro version မှာလိုတော့ HDR grading တွေ motion Blur effect တွေထဲ့တာ Multiuser tool သုံးတာမျိုးတော့လုပ်နိုင်မှာမဟုတ်ပါဘူး။အားနည်းချက်ကတော့ Beginner တွေအတွက်တော့သင်ယူရတာနဲနဲခက်ပါလိမ့်မယ်။
5.Lightwork

Video effect ပေါင်းများစွာနဲ့ editing software တစ်ခုပါ။ video ပေါင်း ၂၅၆ ခုအထိ Edit လုပ်နိုင်ပြီးသူ့ရဲ့ interface ကသုံးရတာနဲနဲတော့ခက်ပါလိမ့်မယ်။ Pro version ကတော့တစ်လချင်းဆီကို 25 ဒေါလာကျသင့်မှာပါ။ဒီ Software က YouTube video တွေနဲ့ 4k video editing တွေလုပ်နိုင်ပါတယ်။ Output format မှာလဲ MP4 နဲ့ AVI format တွေပါ support လုပ်ပါတယ်။
Ref : wondershare filmora
Author : Hein Htet