Apple WWDC (2020) event ကောက်နှုတ်ချက်
ဒီနှစ်ရဲ့ WWDC မှာမိတ်ဆက်သွားတဲ့ IOS 14 မှာ iPhone 6s နဲ့ iPhone SE (1stgeneration ) အထိ Software update ရရှိမည်။ နောက်ဆုံးထွက်ထားတဲ့ watch OS 7 လဲ apple watch series 3 ထိ ရဦးမယ်ဆိုတော့ Apple devices တွေဟာ future proof အပြင် တစ်ကယ် long term သုံးမဲ့ လူတွေအတွက်တော်တော်တန်နေပါပြီ။လွန်ခဲ့တဲ့ ၅ နှစ်ကထွက်ထားတဲ့ iPad pro 13 လက်မလဲနောက်ဆုံးထွက် iPad OS 14အထိ Update ရဦးမှာပါ။
မနေ့ကကြေငြာသွားတဲ့ software အသစ်တွေမှာ အကြမ်းဆုံး feature ကတော့ CarPlay app နဲ့ ကားကို သော့မလိုပဲ iPhone သုံးပြီးအဖွင့်အပိတ်လုပ်နိုင်မှာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ BMW 5 series တစ်မျိုးမှာပဲသုံးနိုင်မှာပါ။ You can leave your car key at home လို့ပြောသွားတဲ့အတွက် ကားကိုတောင် iPhone နဲ့နှိုးနိုင်ပါတယ်။ Apple က software Update ပေးတဲ့နေရာမှာအကြမ်းဆုံးဆိုတာတော့ဝန်ခံရမယ်ပရိသတ်

အဲ့တော့ WWDC မှာဘာတွေကြေငြာသွားလဲ
ပထမဆုံးကတော့ IOS 14 အသစ်အကြောင်း
IOS 14 မှာအမြင်ပိုင်းအသိသာဆုံးအပြောင်းအလဲကတော့ Widget တွေပါ။widget တွေကို Home screen အပြင်ထုတ်လို့ရမယ်စုထားလို့ရမယ်။widget တွေမှာ smart stack ဆိုတာကိုအသုံးပြုတဲ့တစ်နေ့တာတစ်လျှောက်မှာကိုလိုမဲ့ Widget မှာလိုမဲ့ information တွေကိုအလိုအလျှေက်ပြသသွားမှာပါ။ဒါပေမဲ့ widget တွေမှာအရင်ကထက်များတဲ့ data တွေပါပိုပါလာမှာပါ။
နောက်ပြီးတော့ App library။ Home screen ရဲ့နောက်ဆုံးမှာရှိပြီး app တွေကိုသူ့အလိုအလျောက် a to z သူ့ကဏ္ဏအလိုက် folder အလိုက်စုစည်းပေးထားတာပါ။ဒါပေမဲ့သူ့ပုံစံက android မှာလို folder ကိုဖွင့် ပြီးမှ App ကိုဝင်အဲ့လိုမဟုတ်ပဲ App ကိုတိုက်ရိုက်ဖွင့်နိုင်မှာပါ။
အပေါ်ဆုံးမှာတော့ suggestion ဆိုတဲ့ app drawer ရှိပြီး သူတို့ကြေငြာထားတာက Using the device intelligence လို့ပြောထားတဲ့အတွက် IOS 14 ကကို့သုံးတဲ့ပုံစံပေါ်မှုတည်ပြီးအလိုအလျှောက် app တွေကိုအဆင်ပြေအောင် ဒီ Folder ထဲကိုလာထည့်ပေးမှာပါ။နောက်တစ်ခုက Siri ပါ။ Siri က IOS 14 မှာ Home screen ပေါ်ကိုရောက်လာပါပြီ။အရင်တုန်းကလို ကိုသုံးလက်စနေရာပျောက်သွားပြီး screen တစ်ခုလုံးအပြည့်ယူသွားတာမျိုးမဟုတ်ပဲ ကိုလုပ်လက်စနေရာမှာပဲခေါ်ပြီးလိုအပ်တဲ့ information တွေကို widget အသေးလေးပုံစံနဲ့ထုတ်ပြသွားမှာပါ။နောက်တစ်ခု ကျနော်အကြိုက်ဆုံး feature ကတော့ car play ပါ။ car play ကနောက်ပိုင်း ၂၀၂၁ ကားတွေမှာ ကားသော့မလိုပဲ ကားထဲက charging pad ပေါ်တင်လိုက်တာပြီး push start button နှိပ်လိုက်တာနဲ့ ကားနှိုးလို့ရမှာပါ။ကားသော့တွေပျောက်ကြတော့မှာမြင်ယောင်သေးပါတယ်။ဒါမှမဟုတ်ဖုန်းသာပျောက်သွားရင်ကားသော့လဲပျောက်သွားပါပြီ။

အရင်တုန်းက iPhone ရော iPad ရောမှာတူတူသုံးခဲ့ကြတဲ့ Ios ကို Apple က iPad OS နဲ့ iPhone IOS ဆိုပြီးခွဲထုတ်လိုက်ပါတယ်။အဲ့တော့ iPad os 14 မှာဘာတွေထူးခြားသလဲဆိုရင် scribble လို့ခေါ်တဲ့ pencil နဲ့လက်ရေးစာကို ကွန်ပြူတာ Text စာအလိုအလျှောက်ပြောင်းတာပါ။ ကျန်တာကတော့ design ပိုင်း UI ပိုင်းပြောင်းတယ်ဒီ့ထက်ပိုသုံးရလွယ်အောင်လုပ်ပေးထားတယ်။ဒီလောက်ပါပဲ။ ပြီးတော့ အရင်ကတည်းက Samsung ဖုန်းတွေမှာရှိတဲ့ ဖုန်းလာရင် widget သေးသေးလေးနဲ့ပဲပေါ်တာတို့ဒါတွေကအရင်ထဲကဖြစ်သင့်တာတွေပါ။ဘာမှထူးဆန်းတာတွေတော့မဟုတ်ပါဘူး။
ဟုတ်ပြီ။နောက်တစ်ခုက Air Pods အတွက် ဆော့ဖ့်ဝဲ Update ပါ။ ကို့မှာ iPhone လဲရှိတယ် iPad လဲရှိတယ်ဆိုရင် ကိုလုပ်လက်စအလုပ်ကို iPad မှာလုပ်နေတယ်။ကို့ iPhone ကိုဖုန်းဝင်လာတယ်ဆိုရင် Air Pods ကို iPhone ဆီကို manually ပြောင်းချိတ်စရာမလိုပဲ သူ့ဘာသာ Auto ပြောင်းချိတ်ပေးတာပါ။ဒီ Feature ကတော့ ရိုးရိုး Air Pods ကော Pro မှာကောရပါတယ်။ နောက် Feature တစ်ခု Spatial audio feature ဆိုတာက Air Pods pro မှပဲရတာပါ။သူက ကိုယ်ခေါင်းလှုပ်တဲ့ပေါ်မှုတည်ပြီး အသံ Frequency ကို adjust လုပ်ပေးတယ်ပြီးတော့ ပိုပြီး immersive ဖြစ်တဲ့ surround သံကိုထုတ်ပေးတာပါ။

Watch OS 7 မှာတော့ watch face တွေရှဲလို့ရမယ်ပြီးတော့ ကိုလိုချင်တဲ့ Information တွေကိုပဲရွေးပြီးတော့ customization လုပ်လို့ရမယ်။ပြီးတော့ wind down mode မှာဆိုရင် အိပ်ချိန်ရောက်ပြီဆိုရင်ကို့ watch က dim ဖြစ်သွားပြီးတော့sleep mode ထဲဝင်သွားမှာပါ။ ပြောရရင်တော့ Do not disturb လိုပါပဲ။
နောက်တစ်ခုသူတို့ပြောသွားတာတွေက Privacy အကြောင်းတွေ ဥပမာ apple store က app တွေက ကို့ဖုန်းရဲ့ location data တွေကိုယူသုံးတဲ့အခါအသိပေးတာပြီးရင်ကိုက ဒီ app က ကို့ဒေတာတွေကိုတခြားကုမဏိတွေနဲ့ sharing လုပ်နေတာကိုသတိပေးတာအဲ့တာတွေပါပဲ
နောက်တစ်ခုကကျတော့ Mac OS ပါ။ သူတို့ကြေငြာသွားတာတော့ Big changes လို့ကြေငြာပေမဲ့ ကျတော့်အမြင်တော့ UI ပိုင်းမှာဒီဇိုင်းကိုပဲအဓိကထားပြောင်းသွားတယ်လို့ထင်ပါတယ်။ Notification center ပါလာမယ် control center ပါလာမယ်အဲ့တာတွေက iPad ဆီကနေ Inspiration ယူထားတဲပုံစံပါ။

ဒီ Event မှာ အကြီးမားဆုံးကြေငြာမှုဖြစ်တဲ့ Mac transition ပါ။ Apple ကနောက်လာမဲ့ Mac တွေမှာ intel ဆီကမှီခိုမှုကိုရပ်တန့်ပြီး သူ့တို့ကိုယ်ပိုင် Apple silicon chipset တွေနဲ့ထုတ်တော့မှာပါ။ကျွန်တော်တို့တွေမျက်မြင်ကြုံတွေခဲ့ရတဲ့ စွမ်းဆောင်ရည်တွေတိုးလာတဲ့ Apple A chipset တွေ iPad တွေဆိုလဲ A chipset တွေကြောင့်တစ်ချို့လပ်တော့တွေထက်တောင် Powerful ဖြစ်လာပါတယ်။အဲ့တော့ Apple ကသူတို့ကိုသူတို့ယုံကြည်မှုရှိသွားပြီး ကိုယ်ပိုင် Processor တွေနဲ့ Mac တွေထုတ်တော့မှာပါ။အဲ့တော့ developer တွေအနေနဲ့က apple silicon chipset တွေနဲ့ပါ compatibility ဖြစ်အောင်ရေးရတော့မှာပါ။စိတ်ဝင်စားဖို့ကောင်းတာက Apple အနေနဲ့ကိုယ်ပိုင် chipset ကိုယ်ပိုင် software နဲ့ဆိုတော့ ဘယ်လောက်ထိ power efficiency ဖြစ်တဲ့ Mac တွေထုတ်လာမလဲဆိုတာပါ။အဲ့တော့လောလောဆယ်မှာတော့ Intel Processor တွေနဲ့ Mac book ထုတ်လုပ်မှုကိုရပ်တန့်မှာမဟုတ်သလိုဒီနှစ်အကုန်ပိုင်းကျမှ apple ကိုပိုင် processor နဲ့ mac တွေကိုတွေ့ရမှာပါ။
Ref : apple
Author : Hein Htet