OnePlus ရဲ့ midrange ဖုန်းအသစ် OnePlus Z အကြောင်း
OnePlus ကတော့တနေ့က သူ့တို့ OnePlus ဖုန်းအတွက်Budget ဖုန်းအသစ်တစ်လုံးထုတ်ဖို့ပြင်ဆင်နေပါတယ်။ဒီဖုန်းကိုတော့နာမည်က OnePlus 8 lite နဲ့ OnePlus Z ဆိုပြီးတစ်ခုခုကိုပေးလာမှာပါ။ဒီသတင်းကတော့ OnePlus ရဲ့အတွင်းလူဆီကသိရတာဖြစ်ပြီးဒီသတင်းနဲ့ပတ်သက်ပြီး OnePlus ရဲ့တရားဝင်အတည်ပြုပြောကြားထားတာတော့မရှိပါဘူး။ OnePlus ကတော့ဒီနှစ် OnePlus 8 series ကစပြီးသူတို့အရင်တုန်းကသုံးစွဲသူတွေကိုချဉ်းကပ်တဲ့ပုံစံဖြစ်တဲ့ Hardware မြင့်မြင့်စျေးနှုန်းချိုချို Flagship killer ပုံစံကနေ Flagship ဖုန်းအဖြစ်စျေးကိုပါလုံးဝပြောင်းလဲလိုက်ပါပြီ။အဲ့တော့အခု Midrange ဖုန်းးစျေးကွက်ကို OnePlus 8 series မှာတော့လက်လွှတ်လိုက်ရပါပြီ။အဲ့တော့ Midrange မှာ ရှောင်မီရဲ့ brand အခွဲ Redmi ကကြီးစိုးနေပြီး iPhone ကပါ SE မော်ဒယ်အသစ်နဲ့ Midrange စျေးကွက်ထဲကိုဝင်လာပါတယ်။ အဲ့တော့ OnePlus ကmidrange စျေးကွက်ကိုလက်မလွှတ်ချင်သေးတဲ့ပုံပါပဲ။အဲ့တော့Midrange ဖုန်းစျေးကွက်ထဲကိုသေချာပေါက်နာမည်တစ်မျိုးနဲ့ပြန်ဝင်လာမှာပါ။flagship နဲ့ Midrange ဖုန်းစျေးကွက်ကိုမျှတအောင်ပြန်လုပ်မှာပါ။ ဒီဖုန်းရဲ့ Spec တွေကတော့တခြား midrange ဖုန်းတွေထက် နဲနဲလေးမြင့်တဲ့ SnapDragon 765G ကို 5G ဗားရှင်းနဲ့ထွက်လာနိုင်ပြီး Upper midrange ပိုဖြစ်နိုင်ပါတယ်။

6.4 inches ရှိတဲ့ IPS မျက်နှာပြင် 90 Hz refresh rate နဲ့ ကင်မရာသုံးလုံးပါဝင်လာနိုင်ပါတယ်။ Midrange ဖုန်းဖြစ်တဲ့အတွက်ထုံးစံအတိုင်းပဲ wireless charging အပြင် IP68 dust နဲ့ water resistant premium Build quality တို့ကိုပါလက်လွှတ်ရမှာပေါ့။ပြီးတော့ ဒီ midrange ဖုန်းမှာ OnePlus 7 pro တုန်းကလိုပဲ popup selfie ကင်မရာနဲ့ထွက်လာနိုင်ပါတယ်။
Ref : Pocket-int
Author : Hein Htet