ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး video sharing Platform Tiktok ဘယ်ကနေဖြစ်ပေါ်လာလဲ

ဒီနေ့ခေတ်အင်တာနက်ပေါ်မှာတွေ့ရအများဆုံးကတော့ Tiktok ‌ပေါ်က video အတိုလေးတွေပါ။ကိုယ်က Tiktok သုံးတဲ့လူတစ်ယောက်မဟုတ်ရင်တောင်တစ်ခါတစ်လေကျရင် Facebook ‌‌ပေါ်မှာဖြစ်ဖြစ်တခြား social media Platform ပေါ်က videoတွေမှာတစ်ခါတစ်လေ Tiktok ရဲ့ watermark တွေကိုတွေ့မြင်ရပါတယ်။ တရုတ်မှာတော့ Douyin လို့ခေါ်တဲ့ Tiktok ဟာ အင်တာနက်တစ်ခုလုံးကိုလွှမ်းခြုံထားတဲ့အပြင်ကို Tiktok star ဖြစ်ဖို့ကနောက်မျိုးဆက်တွေရဲ့အိမ်မက်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ Tiktok ရဲ့ ဖန်တီးရှင် တရုတ်အင်တာနက်ကုမဏီဖြစ်တဲ့ Bytedance ရဲ့အကြောင်းကိုတော့တော်တော်များများမသိကြပါဘူး။ အခုပြောပြမှာကတော့ Tiktok ရဲ့ဖန်တီးရှင် အင်တာနက် ကုမဏီ ByteDance အကြောင်းနဲ့ tiktok ကဘယ်လိုအဆင့်ဆင့်ပြောင်းလဲလာသလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်။

Tiktok ရဲ့ မိခင်ကုမဏီ ByteDance

ပိုင်ဆိုင်မှုစုစု‌ပေါင်း 75 ဘီလီယံရှိတဲ့ ByteDance အင်တာနက်ကုမဏီကိုတရုတ်လူမျိုး Zhang Yiming ကအသက် 29 မှာတည်ထောင်ခဲ့ပါတယ်။ ByteDance ကုမဏီရဲ့အဓိကထုတ်ကုန်ဟာ             Toutiao လို့ခေါ်တဲ့သတင်းအချက်အလက် platform တစ်ခုဖြစ်ပါတယ်။ ByteDance ဟာစစထောင်ပြီးပြီးချင်းခုနှစ်နှစ်အတွင်းမှာ Buzz video နဲ့ Vigo video လို video sharing platform များအပြင် အွန်လိုင်း learning app တွေကို Market ပေါင်း 150 မှာဘာသာစကားပေါင်း 75 ခုနဲ့ဖြန့်ချီနိုင်ခဲ့ပါတယ်။တခြား တရုတ်ကုမဏီတွေနဲ့မတူတာက Bytedance ရဲ့ ထုတ်ကုန်တွေဟာ တခြားနိုင်ငံအနှံ့အပြားကိုမြန်မြန်ရောက်ရှိတာပဲဖြစ်ပါတယ်။ Bytedance ရဲ့ အောင်မြင်မှုအစက 2012 မှာသူရဲ့ Toutiao လို့ခေါ်တဲ့ AI ကိုအသုံးပြုထားတဲ့ သတင်းapplication ကနေစတင်ခဲ့တာပါ။ Media တွေရဲ့သတင်းအရင်းအမြစ်မှတစ်ဆင့် AI ကိုအသုံးချပြီးအသုံးပြုသူတွေရဲ့ Newsfeed ကိုပြန်လည်ပြသပေးတာပါ။ဒါဟာ Facebook ရဲ့ Newsfeeds နဲ့ Apple News တို့နဲ့ဆင်တူပါတယ်။ Bytedance က AI engineer တွေရဲ့ AI engine ကိုကောင်းကောင်းကြီးအသုံးချပြီးသုံးစွဲသူသိချင်တဲ့အကြောင်းအရာတွေကိုပြသပေးတာဖြစ်ပါတယ်။အဲ့တော့ ပိုသုံးလေAIကအသုံးပြုသူရဲ့အလေ့အထနဲ့အကြိုက်ကိုပိုသိပြီးသင့်လျှော်တဲ့အကြောင်းအရာနဲ့ဆောင်းပါးတွေကိုပြသပေးတာဖြစ်ပါတယ်။စွဲလန်းစေပါတယ်။ ဒါပေမဲ့ Tutiao ကို သတင်းထုတ်ဝေဖြန့်ချီသူတွေကတော့သူတို့ရဲ့ဆောင်းပါးနဲ့သတင်းတွေအလွဲသုံးစားလုပ်ခံရတယ်လို့ Bytedance ကိုစွပ်စွဲခဲ့ပါတယ်။သတင်းစာတွေရဲ့ Copyright ကိစ္စနဲ့နောက်ဆုံးမှာတော့ ByteDance ကရရှိလာတဲ့အကျိးအမြတ်တွေကိုMedia တွေနဲ့ပြန်လည်ခွဲဝေပေးဖို့သဘောတူခဲ့ပါတယ်။ ဒီနေ့မှာတော့ Tutiao က ‌စရင်းသွင်းထားသူ သန်း 700 နဲ့အကြီးဆုံးသတင်း services တစ်ခုဖြစ်နေပါပြီ။

ByteDance ရဲ့အစောပိုင်းကာလထုတ်ကုန်တွေမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ Follower တွေအများအပြားရရှိခဲ့ပြီး အဲ့ထဲမှာမှ Tiktok ကအပေါက်ဆုံးဖြစ်ပါတယ်။တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Tiktok ဟာ download ဆွဲသူအရေအတွက်တစ်ဘီလီယံကျော်ခဲ့ပြီး 25% ကတော့ အီန္ဒီယမှဖြစ်ပြီး 9% ကတော့ US ကဖြစ်ပါတယ်။ Apple ရဲ့ CEO tim cook တောင်မှ Beijing သွားတုန်းကမနေနိုင်လို့ tiktok Headquarter ကိုလည်ပတ်ခဲ့ပါတယ်။ နည်းစနစ်ကျကျနဲ့တစ်ကမ္ဘာလုံးအတိုင်းအတာအတာမှာအောင်မြင်မှုကိုဖြည်းဖြည်းချင်းသဲ့ယူနိုင်ခဲ့ပြီး ၂၀၁၇ မှာ ကာရာအိုကေ app ဖြစ်တဲ့ Music.ly ကိုဝယ်ယူလိုက်ပြီးအောင်မြင်မှုအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့ပါတယ်။ Music.ly ဟာ အမေရိကန်လူငယ်နဲ့ဆယ်ကျော်သက်တွေကြားမှာအောင်မြင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Music.ly ကုမဏီဟာ Tiktok အောက်ကိုပေါင်းစည်းသွားပြီး US မှာ tiktok ပရိတ်သတ်အခိုင်အမာရရှိခဲ့ပါတယ်။ Tiktok ဟာအသုံးပြုရလွယ်ကူပြီးစွဲလန်းလွယ်တဲ့ app တစ်ခုဖြစ်ပြီး AI ရဲ့အကူအညီနဲ့အသုံးပြုသူရဲ့အပြုအမှုနဲ့အကြိုက်တွေကိုမှတ်သားပြီးအသုံးပြုသူစိတ်ဝင်စားလောက်မဲ့ video တွေကိုတောက်လျှောက်ပြသပေးပါတယ်။

ByteDance နဲ့ Zhang ရဲ့ အသိအမှတ်ပြုရမဲ့အောင်မြင်မှုကတော့ Tiktok လိုတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အောင်မြင်မှုရတဲ့ App ကို တရုတ်ရဲ့အကြီးမားဆုံးအင်တာနက်ကုမဏီတွေဖြစ်တဲ့ Baidu Alibab နဲ့ tencent တို့ရဲ့အကူအညီလုံးဝမယူပဲဖန်တီးနိုင်ခဲ့တာပါ။သူတို့သုံးခုကိုတော့ BAT လို့လဲသိကြပါတယ်။တရုတ်မှာတော့ Startup အင်တာနက်ကုမဏီအများစုဟာ ဒီကြီးသုံးကြီးမရှိဘဲရှင်သန်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ Bytedance ရဲ့ ဝင်ငွေအများစုဟာကြောငြာရောင်းရငွေတွေကနေတစ်ဆင့်ရရှိတာပဲဖြစ်ပါတယ်။

Author : Hein Htet
Ref : Bloombreg

Previous
Previous

TVနှင့် အခြား ဖျော်ဖြေရေး လျှပ်စစ်ပစ္စည်းများနေရာတွင် တဖြည်းဖြည်း အစားထိုးနေရာယူလာသော စမတ်ဖုန်းများနှင့် စမတ်ဖုန်း Screen Display ၏ အရေးပါမှု

Next
Next

Huawei Myanmar ICT Congress 2020 တွင် COVID-19 ကပ်ရောဂါ ခြိမ်းခြောက်မှုကို တွန်းလှန်ရန် ကူညီပေးနိုင်သည့် နောက်ဆုံးပေါ်နည်းပညာများကို ပြသခဲ့