Flight simulator အတွက် System requirement ချပြလိုက်တဲ့ Microsoft

ထွက်ရှိလာဖို့နဲနဲထပ်စောင့်ရဦးမဲ့ Microsoft flight simulator game အတွက် PC ပြင်ဆင်ချိန်ရအောင်Microsoft က လိုအပ်တဲ့ System Requirement တွေကိုချပြလိုက်ပါတယ်။ဂိမ်းထဲမှာ Player တွေအနေနဲ့အပြင်မှာရှိတဲ့လေဆိပ်ပေါင်း 37000 ကနေပျံသန်းနိုင်မှာဖြစ်ပြီး တစ်ကယ့်အပြင်ကနေ့ခင်ဘက်တောင်တန်းတွေရဲ့ရှုခင်းတွေအပြင်လက်တွေ့ air-traffic တွေကိုပါကြုံတွေ့ရမှာပါ။ ညဘက်ဆိုရင်လဲကြယ်တွေရဲ့အလင်းရောင်နဲ့မြို့ရဲ့ညခင်းဘက်အလှကိုခံစားရဦးမှာပါ။ ဂိမ်းကတော့ဒီနှစ်ထဲမှာတစ်ချိန်ချိန်ထွက်လာနိုင်ပါတယ်။

အဲ့တော့ကုမဏီကဒီဂိမ်းအတွက် PC က System လိုအပ်ချက်တွေကိုကြေငြာလိုက်ပါတယ်။ CPU မှာ‌တော့အနဲဆုံး Ryzen 3 1200 ဒါမှမဟုတ် intel i5-44460 recommend ပေးထားကတော့ Ryzen 5 1500X ဒါမှမဟုတ် intel i5-8400 အကောင်းဆုံးကတော့ Ryzen 7 Pro 2700X ဒါမှမဟုတ် intel i7-9800X တို့ဖြစ်ပါတယ်။ GPU Graphic card မှာတော့ အနဲဆုံး Radeon RX 570 ဒါမှမဟုတ် Nvidia GTX 770 ညွှန်းပေးထားတာကတော့ Radeon RX 590 ဒါမှမဟုတ် Nvidia GTX 970 အကောင်းဆုံးကတော့ Radeon Vll ဒါမှမဟုတ် Nvidia RTX 2080 တို့က Graphic card အတွက်ဖြစ်ပါတယ်။ RAM ကတော့ အနဲဆုံး 8GB ရှိဖို့လိုပြီးရှိသင့်တာကတော့ 16GB နဲ့အကောင်းဆုံးကတော့ 32GB ပါ။ ဂိမ်းအတွက်အင်တာနက် Bandwidth လိုအပ်ချက်ကတော့ အနဲဆုံး 5 MBps လိုအပ်ပါတယ်။ ရှိသင့်တာကတော့20 Mbps နဲ့ အ‌ကောင်းဆုံးကတော့ 50 Mbps တို့ဖြစ်ပါတယ်။

တခြားဂိမ်းတွေနဲ့မတူတာကတော့ ဂိမ်းဒေတာတွေကို Microsoft server တွေကနေတစ်ဆင့်တိုက်ရိုက်ရယူရတာဖြစ်တဲ့အတွက်ဒီဂိမ်းက Bandwidth အများအပြားလိုအပ်ပါတယ်။ ဒီဂိမ်းတစ်ခုလုံးရဲ့ဆိုဒ်က Blu-ray discs အချပ်‌ရေ နှစ်သောင်းနဲ့ညီပါတယ်။ Developer တွေအနေနဲ့ internet connection နှေးတဲ့နေရာအတွက်အဆင်ပြေအောင်လုပ်နေပြီးoffline ကစားဖို့အတွက်ဆိုရင် ဂိမ်းဆိုဒ်က GB 150 လောက်ထပ်ကြီးသွားမှာပါ။ 4K ရုပ်ထွက်နဲ့ကစားမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပြီးBandwidth ကလဲအများကြီးလိုအပ်မှာပါ။ဒီဂိမ်းမှာ ရာသီဥတုတွေဖြစ်တဲ့ ဟာရီကိန်းတွေ မိုးကြိုးမုန်တိုင်းတွေပါပါဝင်မှာဖြစ်ပြီး ဒီရာသီဥတုအချက်အလက်တွေကို‌တော့ Bing ကနေတစ်ဆင့်ရယူမှာဖြစ်ပါတယ်။

Author : Hein Htet ( Phase II )

Ref: techspot

Previous
Previous

မြန်မာနိုင်ငံ၏ “Energy King” လို့ ခေါ်ရလောက်အောင် စွမ်းဆောင်ရည်မြင့်သော Pouvoir 4 Smartphone တင်သွင်းလာပါပြီ

Next
Next

OPPO F Series ၏ နောက်ဆုံးပေါ် ဖုန်းအသစ် OPPO F15 ကို မြန်မာနိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်