5Gအသုံးပြုနိုင်ပြီးကင်မရာစွမ်းဆောင် ရည်ကောင်းမွန်သည့် P40 Pro ကို Pre Order မှာယူနိုင်ပြီ။
မတ်လ 26ရက်နေ့က Huawei က flagship seriesဖြစ်တဲ့ P series ကိုကြေငြာခဲ့ပါတယ်။ Flagship ဖုန်းတစ်လုံးဖြစ်တဲ့အတွက်ကင်မရာကိုအဓိကအသားပေးထာတဲ့ပြီးတခြားfeature တွေဖြစ်တဲ့ Huawei ရဲ့ ကိုယ်ပိုင် Kirin 990 5G chipset, wifi 6plus တို့ပါဝင်ပြီးကင်မရာကိုလဲ Leica နဲ့တွဲဖက်ထုတ်လုပ်ထားတဲ့ Camera ရဲ့အားသာချက်တွေကိုရရှိမှာဖြစ်ပါတယ်။
ပြောင်းလဲမှုမရှိသောစျေးနှုန်းနှင့်အဆင့်မြှင့်တင်မှုများ
5G နည်းပညာတိုးတက်လာတဲ့ 2020 မှာ စမတ်ဖုန်းတွေဟာ 5G နည်းပညာကိုအစောဆုံးလက်တွေ့အသုံးချနိုင်တဲ့လူနေမှုဘဝပစ္စည်းတွေဖြစ်ခဲ့ပါတယ်။ 3G ကနေ 4Gကိုပြောင်းလဲခဲ့တုန်းက အဲ့တုန်းကထွကခဲ့တဲ့ 4G ဖုန်းတွေဟာယခု 5Gဖုန်းတွေလိုပဲစျေးကြီးခဲ့ပါတယ်။ 5G နည်းပညာကိုအသားကျဖို့အတွက် 5G service provider တွေ 5G Station တွေ 5G Baseband အပြင်နောက်ဆုံးအသုံးပြုသူလက်ထဲရောက်တဲ့အထိအဆင်သင့်အသုံးပြုနိုင်ဖို့အတွက် စမတ်ဖုန်းထုတ်လုပ်သူတွေက Processor ပိုင်းမှာ 5G အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Processor တွေကိုထုတ်လုပ်ရပါတယ်။5G ကအရင် 4G ထက်အဆ 100 ပိုမြန်ပြီးlatency ပိုင်းမရှိသလောက်ဖြစ်သွားတဲ့အတွက် Video streaming ပိုင်းမှာတော်တော်ကြီးကိုပိုမြန်လာမှာဖြစ်ပါတယ်။ ဂိမ်းဆော့တဲ့အပိုင်းမှာလဲအရင်လို Lag တာတွေ freezeဖြစ်နေခြင်းမျိုးမရှိတော့ပဲချောချောမွေ့မွေ့ကစားနိုင်မှာဖြစ်ပါတယ်။တခြား flagshipဖုန်းတွေမှာတော့ မနှစ်ကမိတ်ဆက်ခဲ့တဲ့ဖုန်းနဲ့ဒီနှစ်မိတ်ဆက်တဲ့ 5G supportဖုန်းတွေမှာစျေးနှုန်းကတော်တော်ကိုမြောက်တက်သွားလေ့သွားရှိပါတယ်။

ကင်မရာအကြောင်းပြောရအောင်
ကင်မရာမှာ 50 MP f1.9 (wide),12MP f3.4 125MM telephoto,40MP f/1.8 (ultrawide) နဲ့ 3D depth sensing ကင်မရာလေးလုံးပါဝင်တယ်။အားလုံးက Leica နဲ့ co-engineering ပြုလုပ်ထားတာပါ။Megapixel ကိန်းဂဏန်းတွေထက်ကင်မရာမှာ စိတ်ဝင်စားစရာ flagship features လေးတွေကိုဆက်ကြည့်ရအောင်။ Golden snapလုပ်ဆောင်ချက်မှာလှုပ်ရှားမှုကိုအာရုံခံပြီးကိုယ်ရိုက်လိုက်တဲ့ ပုံတွေထဲမှာမှ AI ရဲ့ အကူအညီနဲ့ အကောင်းဆုံးတစ်ပုံကိုရွေးထုတ်ပေးတဲ့လုပ်ဆောင်ချက်နောက်တစ်ခု မလိုချင်တဲ့ကိုယ်ရိုက်လိုက်တဲ့ပုံကအရမ်းလှနေတယ် ဒါပေမဲ့ ကိုယ်မလိုချင်တဲ့ လှုပ်ရှားသွားလာမှုနဲ့လူတွေပါနေတယ်ဆိုရင်သေသေသပ်သပ်ဖြတ်ထုတ်ပေးတဲ့လုပ်ဆောင်ချက်နဲ့ ပုံမှာကိုလိုချင်တဲ့အရာဝတ္ထူကိုအလင်းအရမ်းပြန်နေတယ်ဆိုရင်မလိုချင်တဲ့အလင်းပြန်မှုတွေကို
ဖယ်ထုတ်ပေးတဲ့လုပ်ဆောင်ချက်သုံးခုကတော့စိတ်ဝင်စားစရာအကောင်းဆုံးလုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည်မြင့် 7nm Kirin 990 5G chipset
ပထမဆုံးအနေနဲ့ Huawei ရဲ့ Kirin 990 5G chipset ဟာ process ပိုင်းမှာ 7nm နည်းပညာနဲ့ဖြစ်ပြီး 8 core 8 threads အထိရှိမှာဖြစ်ပါတယ်။ Chipset မှာ EUV နည်းပညာပါတွဲဖက်ထားတာဖြစ်ပါတယ်။ Geekbench benchmark မှာ single core စွမ်းဆောင်ရည် 3842 မှတ် နဲ့ Multicore စွမ်းဆောင်ရည် 11644 မှတ်အထိရရှိထားတဲ့အပြင် 5G modem ကိုလည်း Power consumption အတွက် Chipset အတွင်းမှာထည့်သွင်းတည်ဆောက်ထားပါတယ်။ Huawei ရဲ့ Kirin 990 5G chipset ဟာစျေးကွက်ထဲကို Snapdragon 865 Processor ထက်လပိုင်းစောပြီးဝင်ခဲ့ပါတယ်။Huawei P40seriesအသစ်ဖုန်းမော်ဒယ်တိုင်းမှာ5Gကိုလုံးဝအထောက်အပံ့ပေးပြီးစျေးနှုန်းကတော့မနှစ်ကမိတ်ဆက်ခဲ့တဲ့ P30 pro မော်ဒယ်နဲ့မတိမ်းမယိမ်း ပဲထွက်ရှိလာပါတယ်။ Huawei P40 pro 5G version ကိုစျေးနှုန်းမြန်မာကျပ်ငွေ ၁၅၉၉၀၀၀ ကျပ်နဲ့ April လ သုံးဆယ်ရက်နေ့အထိ pre-order တင်နိုင်မှာဖြစ်ပြီး Huawei နဲ့ Gentle Monster တို့ collaboration လုပ်ထားတဲ့နေကာမျက်မှန်ကိုလက်ဆောင်ရယူနိုင်ပါပြီ။