Gaming နဲ့ Streaming ကိုအဓိကထားအာရုံစိုက်ဖို့ Gaming app ကိုမိတ်ဆက်လိုက်တဲ့ Facebook

Facebook ကတော့ Gaming နဲ့ Streaming community ကိုအာရုံစိုက်ဖို့အတွက် Facebook ဂိမ်းမင်း app ကိုမိတ်ဆက်လိုက်ပါတယ်။ Facebookပေါ်မှာတစ်နေ့တစ်ခြား Streamer တွေနဲ့ Game play တွေကိုကြည့်ရှုကြတဲ့အရေအတွက်များလာတာနဲ့အမျှ Facebook ကသူ့တို့ရဲ့ Gaming လုပ်ဆောင်ချက်ကို app တစ်ခုအနေနဲ့သပ်သပ်ခွဲထုတ်လိုက်ပါတယ်။ဒီ app ကို April 20 ရက်နေ့ကမိတ်ဆက်ခဲ့တာဖြစ်ပြီးလောလောဆယ်တော့ Android ပေါ်မှာပဲရရှိဦးမှာပါ။မကြာခင်မှာတော့ Apple ရဲ့ခွင့်ပြုချက်ကိုရရှိတာနဲ့တပြိင်နက် IOS ‌ပေါ်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ Facebook Gaming လုပ်ဆောင်ချက်ဟာတစ်နေ့တစ်ခြားကြီးထွားလာပါတယ်။ Time ရဲ့ဖော်ပြချက်အရယခင်က‌တော့ ဇွန်လမှမိတ်ဆက်ထားဖို့စီစဉ်ထားပေမဲ့ ယခုလိုအိမ်မှာနေနေရတဲ့ကာလအတွင်းမှာပိုမိုတိုးပွားလာတဲ့ Streamer တွေနဲ့ viewer တွေကိုအခွင့်ကောင်းယူပြီးမိတ်ဆက်လိုက်တာဖြစ်ပါတယ်။ဒါဟာ YouTube နဲ့ twitch တို့လို streaming ပလတ်ဖောင်းတွေကိုယှဉ်ပြိုင်မှာလဲဖြစ်သလို Streamer တွေရဲ့လိုအပ်ချက်ကလဲ ပလတ်‌ဖောင်းကောင်းကောင်းပေါ်မှာအလွယ်တကူ live လွှင့်နိုင်ပြီး Viewer များဖို့ပဲဖြစ်ပါတယ်။ဒီ app က Facebook ရဲ့ Gaming လုပ်ဆောင်ချက်ကိုပဲသပ်သပ် app တစ်ခုအနေနဲ့ခွဲထုတ်လိုက်တာဖြစ်ပြီးကိုယ့်ဖုန်းထဲကဂိမ်းတွေကို Live လွှင့်ဖို့အတွက် third party app တစ်ခုမလိုတော့ပါဘူး။ Go live ခလုတ်တစ်ခုနဲ့ ကိုယ်ပိုင် page တွေမှာအလွယ်တကူ Live လွှင့်နိုင်ပြီး Follower တွေအနေနဲ့လဲအလွယ်တကူအားပေးနိုင်မှာဖြစ်ပါတယ်။

ပြီးတော့ ကျွန်တော်တို့ကြိုက်တဲ့ streamer တွေနဲ့ဂိမ်းတွေကို ‌app ထဲမှာ follow လုပ်နိုင်ပြီး Game play clip တွေကိုအလွယ်တကူကြည့်နိုင် Share နိုင်မှာပါ။

ပြောင်းလဲလာတဲ့လူနေမှုပုံစံနဲ့အတူ streaming community ဟာလဲအရင်ကထက်လူတွေကိုပိုမိုချိတ်ဆက်ပေးနိုင်တဲ့ဖျော်ဖြေရေးပုံစံတစ်ခုဖြစ်လာပါပြီ။တစ်ကမ္ဘာလုံးအတိုင်းအတာတစ်လတိုင်းမှာ Facebook အသုံးပြုတဲ့လူအ‌ရေအတွက် ၂.၅ ဘီလီယံရှိပေမဲ့ Gameplay ကြည့်တဲ့နာရီပေါင်းကတော့ YouTube နဲ့ twitch တို့ထက်ယှဉ်ရင်နဲနေပါသေးတယ်။ဒါပေမဲ့ Facebook Gaming ကတစ်နေ့တစ်ခြားကြီးထွားလာပါတယ်။ Streamelement ရဲ့ဖော်ပြချက်အရ လွန်ခဲ့တဲ့ December ၂၀၁၈ နဲ့ ၂၀၁၉ ကြားမှာ Facebook Gaming မှာ Gameplay ကြည့်တဲ့နာရီပေါင်းများလာသလို Streamer ပေါင်း ၆ ရာခိုင်နှုန်းနဲ့ တစ်နာရီချင်းဆီမှာကြည့်ရှုသူအရေအတွက် ၇၈ ရာခိုင်နှုန်းပိုများလာပါတယ်။ Facebook အနေနဲ့ဒီလိုတိုးပွားလာဖို့အတွက်နာမည်ကြီးstreamer talent တွေနဲ့ပူပေါင်းကာ YouTube နဲ့ twitch တို့ရဲ့နည်းလမ်းတွေအတိုင်းကျင့်သုံးခဲ့ရပါသေးတယ်။ဒါပေမဲ့ YouTube နဲ့ twitch က‌တော့လွှမ်းမိုးနေဆဲပါပဲ YouTube မှာစျေးကွက်ရဲ့ ၂၈ ရာခိုင်နှုန်းရှိသလို twitch ကတော့စျေးကွက်ရဲ့ ၆၁ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပါတယ်။

Author : Hein Htet (Phase II )

Ref : the verge

Previous
Previous

5G အသုံးပြုနိုင်မည့် HUAWEI P40 Pro ကို Pre-Order စတင်မှာယူနိုင်ပြီ

Next
Next

OPPO, Ericsson နှင့် MediaTek တို့ ပူးပေါင်း၍ မကြာတော့မည့် အချိန်ကာလတွင် အရည်အသွေးမြင့် 5G Phone အသုံးပြုမှုများ ရရှိလာရန်VoNR Voice Call နှင့် Video Calls များဖြင့် လက်တွေ့စမ်းသပ် အကောင်အထည်ဖော်