ပြည်ဝင်ခွင့်ဗီဇာ 8 ကြိမ်ပယ်ချခံခဲ့ရတဲ့တရုတ်နိုင်ငံသား ယခုအချိန်မှာအမေရိကန်ကအားထားနေရတဲ့ဘီလီယံနာဖြစ်နေ

ဗီဒီယို conferencing ပလတ်ဖောင်း ( Zoom ) ကိုတည်ထောင်ခဲ့သူတရုတ်နိုင်ငံသားပြိုင်ဘက်ပလတ်ဖောင်းတွေဖြစ်တဲ့ Team နဲ့ Slack ကိုအနိုင်ယူပြီးယခု COVID-19 ကာလအတွင်းမှာ US အလုပ်သမားတွေနဲ့ကျောင်းသားတွေအဓိကအားထားနေရပါပြီ။ယခု March လအဆုံးမှာ Zoom ကသူ့ရဲ့အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ Microsoft Team ထက် Mobile user သုံးဆပိုမိုမြင့်တက်သွားပါပြီ။ US တစ်နိုင်ငံထဲမှာတင် Zoom ကို Mobile ပေါ်ကနေအသုံးပြုသူစုစုပေါင်း ၄.၈၄သန်းကျော်သွားပါပြီ။ဒါတွေဟာအလုပ်သမားတွေကလဲအိမ်ကနေအလုပ်လုပ်နေကြလို့ဖြစ်ပြီးကျောင်းသားတွေကလဲ internet ကနေတဆင့် online learning programs ကြောင့်ပဲဖြစ်ပါတယ်။

ဒါပေမယ့်လဲ Zoom မှာလုံခြုံရေးအားနည်းချက်တွေရှိနေတယ်လို့ထောက်ပြနေတဲ့လူတွေလဲရှိပါတယ်။တစ်နေ့ထဲမှာပဲ Microsoft Team ကအသုံးပြုသူ ၁.၅၆သန်း Mobile user နဲ့ Slack ကတော့အသုံးပြုသူ ၅သိန်းသာရရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်လာဖို့အတွက်သူ့ရဲ့ဘဝကလည်းမလွယ်ကူခဲ့ပါဘူး။ သူ့အသက်နှစ်ဆယ်ဝန်းကျင်မှာအမေရိကားကိုပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာ 8 ကြိမ်တိုင်တိုင်ပယ်ချခံခဲ့ရပြီးနှစ်နှစ်လောက်ရုန်းကန်ခဲ့ရပါတယ်။1997 ခုနှစ်အရောက်မှာတော့ Coding ရေးနိုင်တဲ့အရည်အချင်းနဲ့  Video conferencing ကုမဏီဖြစ်တဲ့ WebEx မှာအလုပ်ဝင်နိုင်ခဲ့ပါတယ်။ 2007 မှာတော့ WebEx ကို Cisco က 3.2 billion နဲ့ဝယ်ယူခဲ့ပြီး Vice president of Engineering အဖြစ်ရာထူးတိုးလုပ်ကိုင်ခဲ့ပါတယ်။ 2011 မှာတော့ Zoom ကိုတည်ထောင်ခဲ့ပြီးသူ့အမြင်ကိုယုံကြည်ခဲ့တဲ့ Engineers ပေါင်း 40 ကလဲသူ့နဲ့လက်တွဲခဲ့ပါတယ်။ နောက်နှစ်တွေမှာတော့ Zoom ကိုထုတ်လုပ်ခဲ့ပြီး Cisco,google,Skype တို့နဲ့အပြိုင်ဖြစ်လာခဲပါတယ်။

Author : Hein Htet ( Phase II )

Ref : Nextshark

Previous
Previous

HUAWEI P40 Series မိတ်ဆက်ပွဲမှာ လေ့လာစရာ ထူးခြားချက်များ

Next
Next

PUPUBG MOBILE ၏ Myanmar Championship 2020 ဖိုင်နယ် Online ဂိမ်းပြိုင်ပွဲကြီးတွင် အနိုင်ရရှိခဲ့သည့် အသင်းများထွက်ပေါ်