Corona virus (COVID-19) နဲ့ပတ်သက်ပြီးထိပ်တန်းနည်းပညာကုမဏီကြီးတွေဘယ်လိုရင်ဆိုင်ဖြေရှင်းနေကြလဲ?
ယခုအချိန်မှာဗိုင်းရပ်စ်သစ်ဖြစ်တဲ့ကိုရိုနာဗိုင်းရပ်စ် ( COVID-19 ) ဟာတစ်ကမ္ဘာလုံးကိုအိမ်မက်ဆိုးသဖွယ်ခြောက်လှန့်လျက်ရှိပြီးအင်အားကြီးနိုင်ငံတွေနဲ့အင်အားကြီးထိပ်တန်းကုမဏီတွေတောင်တုန်လှုပ်လျှက်ရှိပါတယ်။ ဒီလိုအချိန်မှာ ထိပ်တန်းနည်းပညာကုမဏီတစ်ခုအပါအဝင်ဖြစ်တဲ့ Microsoft အနေနဲ့ကိုရိုနာဗိုင်းရပ်စ်အပေါ်တုံ့ပြန်မှုကိုဖော်ပြလိုက်ပါတယ်။ယခုအချိန်မှာတော့ကျွန်တော်တို့ Microsoft အနေနဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးကိုရှေ့တန်းတင်ပြီးစုပေါင်းလုပ်ကိုင်နေတဲ့အဖွဲ့အစည်းရဲ့လူတွေကျန်းမာရေးအပြင်ဝယ်ယူသူတွေအတွက်နည်းပညာ,အကြံညဏ်နဲ့အရင်းအမြစ်တွေကိုထောက်ပံ့နေပြီးတက်နိုင်သလောက်ကိုယ်လုပ်နိုင်တဲ့အနေအထားကနေလုပ်ဆောင်နေတယ်လို့လဲသိရပါတယ်။
ဒီလိုလုပ်ဆောင်နေတဲ့အချိန်မှာထိပ်တန်းကုမဏီကြီးတစ်ခုအနေနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းနေလဲဖော်ပြပေးလိုက်ပါတယ်။

၁. အိမ်ကနေ (သို့မဟုတ်) ကိုယ်နေထိုင်ရာနေရာမှအလုပ်လုပ်ခြင်း
ဗိုင်းရပ်စ်ကိုတိုက်ဖျက်တဲ့နေရာမှာနည်းပညာနဲ့သတင်းအချက်အလက်ကအရေးကြီးတဲ့အစိတ်အပိုင်းမှပါဝင်လျက်ရှိပြီးဝန်ထမ်းတွေရဲ့ကျန်းမာရေးနဲ့တစ်ဖက်ကသတင်းအချက်အလက်တိကျမှုနဲ့လျှင်မြန်မှုကလဲအချိန်နဲ့အမျှအရေးကြီးနေပါတယ်။တစ်ချိန်ထဲမှာပဲတစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့စုပေါင်းလုပ်ဆောင်နိုင်စွမ်းအား၊အလုပ်ပြီးမြောက်မှုနဲ့၊လုံခြုံရေးကိုပါမထိခိုက်အောင် remote working (အဝေးမှအလုပ်လုပ်ဆောင်နိုင်ခြင်း) ကိုအကောင်အထည်ဖော်လုပ်ဆောင်နေပါတယ်။

၂.ပညာရေး
နိုင်ငံတစ်နိုင်ငံဆီအနေနဲ့ COVID-19 ကိုရင်ဆိုင်ရာမှာနောက်တစ်ဆင့့်တက်လှမ်းပြီးကျောင်းတွေတက္ကသိုလ်တွေအနေနဲ့ online သင်ကြားရေးသို့ရွေ့ပြောင်းလာကြပါပြီ။ ဆရာ/ဆရာမတွေအနေနဲ့ကျောင်းသားတွေနဲ့ကိုယ်တိုင်ကျောင်းလာမသင်ကြားနိုင်တဲ့အချိန်တွေမှာဆက်လက်လေ့လာနိုင်အောင်ကြိုးစားအားထုတ်နေကြပါတယ်။အားလုံးနဲ့ချိတ်ဆက်ပြီးအဆက်အသွယ်မပြတ်အလုပ်လုပ်နိုင်အောင်တီထွင်ဖန်တီးနိုင်မှုနဲ့ဗျုဟာချမှတ်နိုင်မှုတွေကိုသင်ကြားနိုင်ပါတယ်။

၃.အဖွဲ့အစည်းရဲ့အထောက်အပံ့
ကျွန်တော်တို့ရဲ့အောင်မြင်မှုမူတည်နေတဲ့အဖွဲ့အစည်းအပေါ်ကိုရိုနာဗိုင်းရပ်စ်သက်ရောက်နေမှုကိုတိုင်းတာနိုင်ရန်အတက်နိုင်ဆုံးကိုယ်တက်နိုင်တဲ့ဘက်ကနေတစ်စိတ်တပိုင်းပါဝင်ဆောင်ရွက်နေပါတယ်။

၄.နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့
လူတိုင်းလိုလိုအင်တာနက်မှတစ်ဆင့်ဝန်ထမ်းများအပါအဝင်ကျောင်းသားများ remote ကိုအသုံးပြုလာကြပြီဖြစ်တဲ့အတွက်နည်းပညာအသစ်ကိုအသုံးချမှုပမာဏကလဲများပြားလာပြီဖြစ်ပါတယ်။နည်းပညာနဲ့ပတ်သက်တဲ့ကရိယာတွေရဲ့အသုံးပြုပုံနဲ့ထိုကရိယာတွေကိုလျှင်လျှင်မြန်မြန်နဲ့ဘယ်လိုအသုံးချမလဲဆိုတာကိုလဲထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
Author : Hein Htet ( Phase II )
Ref : Microsoft
Photo Crd : Microsoft