ကမ္ဘာ့ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုလူတွေမှာစမ်းသပ်သုံးဖို့အဆင်သင့်ဖြစ်နေ

တရုတ်နိုင်ငံဝူဟန်မြို့မှအစပျိုးခဲ့သောကိုရိုနာဗိုင်းရပ်စ်ဟာတရုတ်နိုင်ငံသာမက ကမ္ဘာကြီးရဲ့တစ်ချို့နေရာတွေမှာပါတောမီးသဖွယ်ပြန်နှံ့နေပြီးလူပေါင်း ၇၈၀၀၀ လောက်ကူးစက်ခံနေရပြီးအသက်ဆုံးရှုံးမှူပေါင်း ၂၇၀၀ ကျော်ရှိနေပါပြီ။ COVID-19 လို့ခေါ်တဲ့ဒီဗိုင်းရပ်စ် ကြောင့် တစ်ကမ္ဘာလုံးက အရေးကြီးပွဲစဉ်တွေဖြစ်တဲ့ Mobile World Congress ကိုပါဖြတ်သိမ်းလိုက်ရပါတယ်။ ဒီပွဲစဉ်ကိုဖြတ်သိမ်းလိုက်ရခြင်းက‌တော့အဓိကIT နဲ့ဖုန်းကုမဏီကြီးတွေက ဗိုင်းရပ်စ်ကြောင့် ပါဝင်ခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ ဒီအကြောက်တရားက၂၀၂၀ တိုကျိုမှာကျင်းပမဲ့အိုလံပစ်ပွဲအပေါ်လဲခြောက်လှန့်လျက်ရှိပါတယ်။

ဒီဗိုင်းရပ်စ်ကိုကာကွယ်ဖို့ ကာကွယ်ဆေးဟာယခုမှာတော်တော်ကြီးကိုလိုအပ်နေပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့အခုလက်ရှိမှာအကြာကြီးသိပ်စောင့်စရာမလိုတော့ပါဘူး။ သိပ္ပံပညာရှင်တွေအနေနဲ့ ဗိုင်းရပ်စ် ပျံနှံ့မှုစတင်ဖြစ်ပွားကတည်းက ကာကွယ်ဆေး ဖော်စပ်ဖို့ကြိုးစားလာခဲ့ရာယခုဆိုရင်ကာကွယ်ဆေးက အကောင်အထည်ပေါ်လာပြီး မကြာခင်မှာ လူတွေမှာစမ်းသပ်နိုင်တော့မယ်လို့ Moderna ကုမဏီက ကြေညာလိုက်ပါတယ်။ Wall Street journal ကပထမဆုံးဖော်ပြခဲ့တာဖြစ်ပြီးကာကွယ်ဆေးကို National institute of Allergy and infectious Diseases ကို‌ထောက်ပံ့ခဲ့ပါတယ်။ ကာကွယ်ဆေးမှာဆေးနှစ်လုံးပါဝင်မှာဖြစ်ပြီး လူကြီးတွေကိုဗိုင်းရပ်စ်ကူးစက်ရန်ကနေကာကွယ်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဆေးဖော်စပ်တဲ့နေရာမှာတိုးတက်မှုရှိနေပြီး လူတွေမှာစမ်းသပ်ဖို့အတွက် July လမတိုင်ခင်တက်နိုင်သလောက်စောဖို့ကြိုးစားနေကြပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့လူတွေကိုမစမ်းသပ်ခင်မှာကာကွယ်ဆေးမှာပါဝင်မဲ့ပစ္စည်းတွေကိုသေချာဆုံးဖြတ်ဖို့လိုနေသေးတာကြောင့်အခုလိုကြန့်ကြာနေသေးတာလဲဖြစ်ပါတယ်။စမ်းသပ်ပြီးသွားရင်တော့လူတွေကိုအချိန်အတိုင်းအတာတစ်ခုအထိဗိုင်းရပ်စ်ရန်ကာကွယ်နိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်ကာကွယ်ဆေးမှာဘေးထွက်ဆိုးကျိုးမရှိဖို့နဲ့လူတွေကိုအန္တရယ်မဖြစ်ဖို့ကလဲအရမ်းအရေးကြီးပါတယ်။သိပ္ပံပညာရှင်တွေအနေနဲ့ကာကွယ်ဆေးကိုဒီနေ့ခေတ်လက်ရှိဆေးတွေနဲ့ပေါင်းစပ်ဖို့လဲကြိုးစားနေရသေးပါတယ်။

Author : Hein Htet (Phase II)

Ref : www.indiatimes.com

Previous
Previous

Dual-camera ဖုန်းတွေနဲ့ရိုက်တဲ့ 3D ပုံတွေတင်ဖို့ Portrait mode မလိုတော့မဲ့ Facebook ရဲ့အသိညဏ်တု

Next
Next

ဒီနှစ်ကုန်လောက်မှာ iPad တွေအတွက် Keyboard မှာ track pad ထည့်သွင်းဖို့ရှိတဲ့ Apple