Corona Virus နဲ့ပတ်သတ်တဲ့ သတင်းအမှားတွေကို ဖြတ်ချသွားမယ့် Facebook

ဝူဟန်ရောဂါ ပျောက်ကင်းတော့မယ့် ဆေးတီထွင်နိုင်ပြီ၊ ဘယ်မှာတော့ဘယ်လိုတွေ စိုးရိမ်နေရတယ် စတဲ့ Corona Virus နဲ့ဆိုင်တဲ့ သတင်းအမှားတွေကို Facebook အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူပြီး Ban တာတွေလုပ်မယ်လို့ ကြေငြာထားပါတယ်။

Facebook မှာ Corona Virus နဲ့ပတ်သတ်ပြီး သတင်းမှားတွေကို ရိုးရိုးဖြန့်ဝေတာမျိုးတင်မကပဲ  Ads တွေပါထည့်သွင်းပြီး သတင်းမှားဖြန့်တာတွေဖြစ်နေပါတယ်။သတင်းမှားတွေမှာ ရောဂါပျောက်ကင်းပြီလို့ သတင်းလွှင့်တာတွေ၊ ရောဂါကုသနည်းအမှားတွေဖြန့်ဝေတာတွေ၊ တစ်ခြား Corona Virus နဲ့ပတ်သတ်တဲ့ သတင်းမှားမှန်သမျှ အကြုံးဝင်ပါတယ်။

Facebook မှာတင်မက Instagram မှာလည်း အလားတူဖြစ်ရပ်တွေရှိနေတာမို့ Facebook နဲ့ Instagram ၂ ခုလုံးမျိုးမှာ အရေးယူသွားမှာပါ။Facebook အနေနဲ့ အရင်နှစ်ကတည်းက သတင်းမှားနဲ့ ပတ်သတ်လို့ အကြီးအကျယ် အရေးယူမှုတွေ ရှိပေမယ့်လည်း တစ်ချို့သတင်းမှားတွေကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

ခုလို Content Policies တွေကို ပြန်ပြင်မှာဖြစ်သလို Facebook အနေနဲ့ ဒီလထဲမှာ ကျင်းပမဲ့ Marketing Conference ကိုလည်း Corona Virus ကြောင့် ဖျက်ခဲ့ရပါသေးတယ်။Facebook ကနေပြီး ခုနောက်ပိုင်းမှာ သတင်းအမှားတွေ၊ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မဲဆွယ်မှုတွေကို တော်တော်လေး ဂရုစိုက်လာပါတယ်။

REF : The Verge

Previous
Previous

လူဆိုးတွေကိုသူတို့ iPhone တွေ ပေးမသုံးတဲ့ Apple

Next
Next

OPPO ၏ ဘက်စုံ စွမ်းဆောင်ရည်မြင့် 5G Flagship စမတ်ဖုန်းကို Online Conference တွင် စတင်မိတ်ဆက်သွားမည်။