နောက်ထွက်မဲ့ 5G iPhone တွေမှာ ကိုယ်ပိုင် 5G Antennas တွေကိုသာ Apple သုံးမည်

နေရာတိုင်းမှာ 5G သုံးလို့မရသေးပေမယ့် ၂၀၂၀ မှာ 5G ဟာ စမတ်ဖုန်းတိုင်းအတွက် မရှိမဖြစ် ပါလာရမယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာတော့မှာပါ။Apple လည်း 5G Trend ထဲမှာပါဝင်လာမှာဖြစ်ပြီး ဒီနှစ်ထဲမှာ 5G Support ဖုန်း တစ်မျိုးထက်ပိုပြီး ထုတ်သွားမယ်လို့ ကြေငြာထားပြီးသားပါ။

5G ရဖို့အတွက် Apple အနေနဲ့ ဖုန်းတွေမှာ တပ်ဆင်မယ့် 5G Antenna Design ကို Qualcomm ရဲ့ QTM 525 mmWave 5G Antenna Design ကိုမသုံးပဲQualcomm ရဲ့ X55 Antenna Design ကိုအခြေခံတဲ့ကိုယ်ပိုင် Antenna Design ကို တပ််ဆင်သွားမယ်လို့ သိရပါတယ်။

Apple အနေနဲ့ လောလောဆယ်မှာတော့ ကိုယ်ပိုင် Antenna Design ကိုတပ်ဆင်ဖို့ကြိုးစားနေပြီး Qualcomm ရဲ့ Antenna Design ကိုမသုံးတာကတော့ iPhone တွေရဲ့ ထုထည်ကို ပိုထူလာနိုင်တာကြောင့်ပါ။နောက်တစ်ချက်ကတော့ Apple အနေနဲ့ Qualcomm ကိုအရမ်းမှီခို ရမှာစိုးတာရယ်ကြောင့်ပါ။

Apple 5G iPhone တွေမှာ "Phased Array" Antenna တွေကိုသုံးလာနိုင်ပြီး 5G Signal ကိုဖမ်းယူမဲ့ အပိုင်း ၂ ခုပါဝင်မှာဖြစ်ပါတယ်။5G Antenna တွေကို Design လုပ်ရာမှာ ကြိမ်နှုန်းမြင့်လွန်းတာကြောင့် အခက်အခဲရှိတယ်လို့ သိရပါတယ်။

အရင်တုန်းက Apple အနေနဲ့ ကိုယ်ပိုင် Antenna တွေကို အရင်တုန်းကလည်း ထုတ်လုပ်ခဲ့ဖူးပြီး ဆိုးဆိုးရွားရွားဖြစ်ဖူးတဲ့ သာဓကရှိခဲ့ဖူးပါတယ်။iPhone 4 တုန်း  က Apple ထုတ်လုပ်တဲ့ iPhone 4 တွေမှာ ဘက်မှားကိုင်ရင် Signal ကျသွားတဲ့ ပြဿနာရှိခဲ့ပါတယ်။

Ref : GSMARENA

Previous
Previous

DXOMark Camera ရမှတ်မှာ Huawei Mate 30 Pro 5G နဲ့ iPhone 11 Pro Max ထက်များသွားတဲ့ Xiaomi Mi 10 Pro 5G

Next
Next

Barcamp Yangon 2020 ကို MICT Park တွင်ကျင်းပလျက်ရှိ