Battery 0% ကနေ 100% ကို ၃၅ မိနစ်အတွင်း အားသွင်းနိုင်မယ့် Mi 10 Pro

လာမယ့် ၂၀၂၀ နှစ်အစမှာ Xiaomi ကနေ Flagship အနေနဲ့ Vanilla Mi 10 နဲ့ Mi 10 Pro ကိုမိတ်ဆက်သွားမှာပါ။ဖုန်း ၂ လုံးစလုံးမှာ အရမ်းမြန်တဲ့ အားသွင်းစနစ် ပါလာမယ်ဆိုတာ သေချာနေပါပြီ။Mi 10 Pro ဖုန်းမှာဆိုရင် အားသွင်းနှုန်းဟာ 0% ကနေ 100% ကိုအားသွင်းချိန် ၃၅ မိနစ်သာ ကြာမယ်လို့ သိရပါတယ်။

Pro Version မဟုတ်တဲ့ Vanilla Mi 10 မှာ 50W Charging ပါလာနိုင်ပြီး အမြန်နှုန်း မသိရသေးတဲ့ Wireless Fast Charging လည်းပါလာဦးမှာပါ။ဒီနှစ်ထဲမှာ Xiaomi ဟာ 66W Charging နည်းပညာကို တရုတ်မှာ မှတ်ပုံတင်ခဲ့ပြီးပါပြီ။ဒါကြောင့် ၂၀၂၀ မှာတော့ 66W charging ကို Mi 10 Pro မှာမြင်ရမလားဆိုပြီး မျှော်လင့်ရပါတယ်။

ခုလောလောဆယ်မှာတော့ ဖုန်းလောကရဲ့ အားသွင်းအမြန်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို Oppo Reno Ace က 65W Charging Speed နဲ့ Battery 0 to 100% ကို ၂၈ မိနစ်နဲ့ရရှိထားပြီး Xiaomi နဲ့ဒီစံချိန်ကို ဖြတ်ကျော်နိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref : GSMARENA

Previous
Previous

သေဆုံးပြီးသားလူ မျက်နှာနဲ့ Ads တက်လာခဲ့တဲ့ Instagram Therapy Ads

Next
Next

2020 ထုတ် iPads တွေမှာ Triple Camera Setup ပါလာတော့မှာလား