Samsung Galaxy S11 ရဲ့ ရှေ့နောက် ကင်မရာဒီဇိုင်း အပါအဝင် အခြားအချက်အလက်များ ပေါက်ကြားလာ
၂၀၂၀ နှစ်စပိုင်းမှာ မိတ်ဆက်တော့မယ့်Samsung Galaxy S11 ရဲ့ အချက်အလက်တွေ စတင်ပေါက်ကြားလာပါတယ်။ပေါက်ကြားလာတဲ့ ပုံတွေအရ အရင် S series Model တွေထက် တချို့အချက်တွေပဲ သိသိသာသာ ပြောင်းသွားတာပါ။
နမူနာပုံတွေကိုTwitter မှာ Steve H. McFly ကသောကြာနေ့တုန်းက တင်ခဲ့ပါတယ်။ထွက်လာတဲ့ ပုံတွေနဲ့Video တွေအရ အရင် S series Phone တွေနဲ့ ဒီဇိုင်းအနည်းငယ်ကွဲသွားပြီးအဓိကက ကင်မရာ ဒီဇိုင်းတော်တော်လေး ပြောင်းသွားတာပါ။
ခုထွက်လာတဲ့ ပုံတွေအတိုင်းသာ သေချာမယ်ဆိုရင်Samsung အနေနဲ့ S11 မှာSelfie Camera ကိုအရင်လို ညာဘက်ထောင့်မှာ မဟုတ်ပဲ ဖုန်း Display ရဲ့ အပေါ်ဘောင် တည့်တည့်မှာ Hole-Punch အနေနဲ့ပြောင်းလဲလိုက်ပါတယ်။August တုန်းက ထွက်ထားတဲ့ Galaxy Note 10 နဲ့တစ်ပုံစံတည်း ဆင်တူနေပါတယ်။

ကျောဘက်မှာတော့ ကင်မရာ Set-up ကိုသေချာပြန်ပြင်ထားပါတယ်။ပိုမိုကျစ်လစ်ပြီးLens တွေ၊Sensors တွေ၊Flash တွေကို တစ်စုတစ်စည်းတည်း စုထားလိုက်ပြီး စတုဂံပုံ လေးထောင့်ဘောင်ထဲမှာ ထည့်ထားပါတယ်။Camera မှာ Sensor 5 ခုပါဝင်လာနိုင်ပြီး ပုံမှန်အတိုင်း Flash Light တစ်ခုပါဝင်မှာ ဖြစ်ပါတယ်။
ပေါက်ကြားလာတဲ့ ပုံတွေကို ဒီဇိုင်းဆွဲပေးတဲ့91 Mobiles ကနေပြောကြားချက်များအရMain Camera 3 လုံးပါဝင်မှာဖြစ်ပြီး108MP Camera ပါဝင်လာနိုင်ပါတယ်။ ToF Sensor တစ်ခုသုံးထားတယ်လို့လည်း တရုတ်သတင်းတွေမှာ ဖော်ပြထားပြီး ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ။
အပေါ်အောက်ဘောင်တွေကတော့Galaxy S10 ထပ်ပိုသေးလာနိုင်ပြီး ဘေးဘောင်တွေကတော့edge-to-edge နီးနီး ပါးလွှာနေမှာြဖစ်ပါတယ်။Screen Size အနေနဲ့ကတော့ 6.3 inches ကနေ 6.7 inches အတွင်းလာဖို့ရှိနေပြီး 2019 Model S seriesတွေထက် ပိုကြီးမှာပါ။
နောက်ထပ်သတင်းတွေအရGalaxy S11 အနေနဲ့ 7.8 mm အထူရှိနေမှာြဖစ်ပြီး ဘေးဘောင်မှာရှိမယ့် Physical Key Set-up တွေလည်း အရင်ဖုန်းတွေနဲ့ ကွဲပြားနေမှာပါ။S10 မှာတုန်းက Power Button ကိုညာဘက်ဘောင်မှာ ထည့်ထားပြီး Volume Control Keys တွေကိုတော့ ဘယ်ဘက်ဘောင်မှာ ထည့်ပေးခဲ့ပါတယ်။S11 မှာတော့ Power Button,Volume Control Buttons အကုန်လုံးကို ညာဘက်ဘောင်မှာပဲ ထည့်ထားတာ တွေ့ရနိုင်ပါတယ်။
တစ်ခုရှိတာက ဘယ်လိုပဲဖြစ်ဖြစ် ဒီပုံတွေဟာSamsung ကနေတရားဝင် မဟုတ်ပဲ Fan Made တွေသာဖြစ်ပါတယ်။S11 ကိုတရားဝင် မိတ်ဆက်ဖို့ လပိုင်းသာလိုတော့ပြီး မကြာခင် မျက်မြင် မြင်တွေ့ရတော့မှာမို့ ဘယ်လို Innovated Technology တွေမြင်ရဦးမလဲဆိုတာကိုတော့စောင့်ကြည့်ရပါဦးမယ်။
Ref : www.techspot.com