Mate 30 Pro ကို မြန်မာနိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ HUAWEI
HUAWEI အနေနဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ Mate 30 နဲ့ Mate 30 Pro စမတ်ဖုန်းတွေကို တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီပွဲကို LOTTE ဟော်တယ်မှာ ကျင်းပခဲ့ပြီး Mate 30 စီးရီးစမတ်ဖုန်းတွေနဲ့အတူ What is "HMS" Workshop အခမ်းနားကိုပါ မိတ်ဆက်ခဲ့ပါတယ်။
HUAWEI အနေနဲ့ ၃၂ နှစ်အကြာ ရရှိလာခဲ့တဲ့ အတွေ့ကြုံတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ စမတ်ဖုန်း Photography နဲ့ ဗီဒီယိုအပိုင်းမှာ ထူးခြားကောင်းမွန်တဲ့ Mate 30 Pro ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။

နာမည်ကျော် HiSilicon Kirin 990 Processor အသုံးပြုထားပြီး OLED Horizon Display နဲ့ Mate 30 Pro ကို အမြင်အားဖြင့် ဆွဲဆောင်မှုရှိအောင်၊ စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းဖြစ်အောင် ဖန်တီးထားပါတယ်။
ဖန်သားပြင်ကို ကိုင်ထားရသလို Curved Edge တွေကို ပုံမှန်ထက်ပိုကွေးထားပြီး ရေစိုခံ (IP68) အောင် Volume ခလုတ်တွေကို ဖယ်ရှားထားပါတယ်။ Power ခလုတ်တစ်ခုနဲ့ပဲ ကိုင်တွယ်ရမှာဖြစ်ပြီး သုံးစွဲရ လွယ်ကူအောင် Virtual Keys နဲ့ Gesture နည်းပညာတွေ ထည့်ထားပါတယ်။
ကျောဘက်မှာ ထားရှိထားတဲ့ ကင်မရာ ၄ လုံးကိုလည်း ကွဲထွက်သွားအောင် Metallic Halo စက်ဝိုင်းပုံစံ ဒီဇိုင်းနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အသံပိုင်းမှာဆိုရင်လည်း HUAWEI ရဲ့ Acoustic Display နည်းပညာ ပါဝင်ပါတယ်။

ကင်မရာပိုင်းမှာဆိုရင်တော့ 40MP SuperSensing Cine Camera ၊ 16MP Ultra Wide-angle Lens ၊ 8MP Telephoto နဲ့ 3D TOF Sensor တွေပါဝင်ပါတယ်။
SuperSensing Camera ဟာ Sensor Size ပိုကြီးတဲ့အတွက် ဗီဒီယို ရိုက်ကူးတဲ့နေရာမှာ ISO ကို 51,200 အထိ ထောင့်ပံ့ပေးနိုင်ပါတယ်။ 4K Resolution ထောက်ပံ့တဲ့အပြင် Ultra Slow-mo ဗီဒီယိုတွေကို 7,680 fps အထိ ရိုက်ပေးနိုင်ပါတယ်။
Low Light Ultra-wide Time-lapse ဗီဒီယို ရိုက်ကူးနိုင်မှာဖြစ်တဲ့အတွက် 4K အထိ အသုံးပြုနိုင်ပါတယ်။ ISO 409,600 အထိ ထောက်ပံ့ထားတဲ့အတွက် အလင်းဝင်အား ပိုကောင်းပြီး Low Light Photography အတွက် ပိုပြီးတော့ ပြည့်စုံစေမှာ ဖြစ်ပါတယ်။
Telephoto Lens နဲ့ ဆိုရင် 3x Optical Zoom ၊ 5x Hybrid Zoom နဲ့ 30x Digital Zoom ဆွဲရိုက်နိုင်မှာ ဖြစ်ပါတယ်။ OIS (Optical Image Stabilization) နဲ့ AIS (AI Stabilization) ထောက်ပံ့တဲ့အတွက် အတည်ငြိမ်ဆုံး ဗီဒီယိုတွေ ရိုက်ကူးနိုင်ဦးမှာပါ။

ဒါတွေအပြင် Mate 30 Pro မှာ Front-facing 3D Depth Sensor ပါဝင်တဲ့အတွက် Pro Bokeh Effect နဲ့ Selfie ၊ Portrait ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
Mate 30 စီးရီးတွေမှာ EMUI 10 အသုံးပြုထားပြီး Virtual Key နဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ့် Intuitive Side-touch Interaction ၊ AI Gesture Control ၊ HiCar Smart Travel ၊ Multi-screen Collaboration နဲ့ Dark Mode Feature ပါဝင်လာပြီ ဖြစ်ပါတယ်။
Security အတွက်ကိုလည်း 3D Face Unlock နဲ့ In-display Fingerprint Scanner ထည့်ပေးထားတဲ့အပြင် EMUI ရဲ့ AI Privacy Mode ကလည်း Privacy အတွက် ပိုပြီးတော့ ထောက်ပံ့ပေးဦးမှာ ဖြစ်ပါတယ်။
HMS (HUAWEI Mobile Services) ဟာ ဆိုရင်တော့ Mate 30 စီးရီးမှာ ပထမဆုံး အသုံးပြုလာတာဖြစ်ပြီး ပိုပြီး လုံခြုံစိတ်ချရတဲ့ HUAWEI Browser ပါဝင်လာပါတယ်။ HUAWEI Mobile Cloud ကနေလည်း Personal Data မယိုပေါက်အောင် ကာကွယ်ပေးမယ့်အပြင် အဆင်ပြေ ချောမွေ့အောင် ထည့်သွင်းထားပါတယ်။

Entertainment အတွက် HUAWEI Music ၊ Video နဲ့ Theme Service တို့လည်း ပါဝင်ဦးမှာဖြစ်ပြီး HUAWEI App Gallery ကနေ HUAWEI ရဲ့ တရားဝင် App တွေကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Pre-order မှာယူမယ်ဆိုရင်တော့ နိုဝင်ဘာလ ၃၀ ရက်မှာ မှာယူနိုင်မှာဖြစ်ပြီး Mate 30 Pro ရောင်းချသွားမယ့် စျေးနှုန်းက ၁၄၉၉,၀၀၀ ကျပ် ဖြစ်ပါတယ်။ Pre-order မှာယူခဲ့ရင် HUAWEI ကနေ ပေးအပ်မယ့် Smart Watch ၊ HUAWEI Watch GT2 ကို လက်ဆောင် အနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။
Instalment နဲ့ ဝယ်ယူမယ်ဆိုရင်တော့ အတိုးနှုန်းပေးစရာ မလိုဘဲ KBZ နဲ့ ချိတ်ဆက်ပြီး ဝယ်ယူနိုင်မှာပါ။ HUAWEI အနေနဲ့လည်း Mate 30 စီးရီးဝယ်ယူသူတွေကို ၆ လအတွင်း Screen & Back Cover အခမဲ့ တစ်ကြိမ် (Screen ကွဲခြင်းတွက် ၁ ကြိမ်၊ နောက် Cover ကွဲခြင်းတွက် ၁ ကြိမ်) ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။