Hacker တွေကိုဆုအကြီးကြီးချီးမြှင့်မယ့် Huawei
လုံခြုံရေးပိုင်းနဲ့ ပက်သက်ပြီး မေးခွန်းတွေထုတ်ခံနေရတဲ့ Huawei ဟာလူအများအကြားမှာ Brand ထိခိုက်မှုတွေ ရှိနေပါတယ်။ နောက်ပိုင်းမှာနာမည်ကြီးနေတဲ့ အကြောင်းကတော့ Huawei ဟာ User တွေရဲ့အချက်အလက်ကို နောက်တံခါးကနေပြီး တရုတ်အစိုးရကို ပို့နေတယ်ဆိုတာပဲဖြစ်ပါတယ်။
နိုဝင်ဘာ ၁၆ မှာကျင်းပတဲ့ Huawei ရဲ့ Event တစ်ခုမှာ Mobile Researcher တွေကိုခေါ်ပြီး Huawei ဖုန်းတွေရဲ့ Security Flaw တွေကိုတွေ့တဲ့သူ၊ ဒါမှမဟုတ် Hack နိုင်တဲ့သူရှိရင် ဆုကြီးငွေချမယ်ဆိုပြီး အစည်းအဝေးမှာ ပြောဆိုသွားတယ်လို့သိရပါတယ်။
ဒီ အစည်းအဝေးမှာ Huawei ရဲ့ Android စနစ် အခြေခံဖုန်း (Huawei Mate, P, Nova, Honor စသဖြင့်) တွေမှာ လုံခြုံရေးအားနည်းမှုကို ရှာဖွေနိုင်တဲ့ Hacker ကို ဆုကြေးငွေအဖြစ် ဒေါ်လာ ၂၂၀,၀၀၀ (မြန်မာငွေ သန်းသုံးရာကျော်) အထိချီးမြှင့်မှာဖြစ်တယ်လို့ ဆိုသွားပါတယ်။

ဒီလို Bug Bounty လို့ခေါ်တဲ့ Bug ရှာသူတွေကို ဆုကြေးငွေချီးမြှင့်တာဟာ Google တို့ Samsung တို့နဲ့ Apple မှာလည်း လုပ်လေ့ရှိပါတယ်။ Google ဆိုရင် သူတို့ရဲ့ Pixel ဖုန်းတွေမှာ Security Flaw ရှာတွေ့တဲ့ Hackers တွေကို ဒေါ်လာ ၁သိန်း (မြန်မာငွေ သန်း၁၅၀ခန့်)၊ ၂သိန်း (မြန်မာငွေ သန်း၃၀၀ခန့်) အထိချီးမြှင့်တာဖြစ်ပြီး ခု Huawei ရဲ့ဆုကြေးငွေစာ ပိုပြီးများတာကို တွေ့ရပါတယ်။
Huawei အနေနဲ့ ဒီလို ဆုပေးငွေပေးစနစ်လုပ်ခြင်းအားဖြင့် သူတို့ရဲ့ လုံခြုံရေးအားနည်းချက်တွေကို ပိုပြီးမြန်မြန်သိနိုင်ရုံသာမက၊ လူတွေအတွက် Huawei ဟာ အချက်အလက်တွေကို နောက်ပေါက်ကနေ တရုတ်အစိုးရကို ခိုးမပို့ပါဘူးဆိုတာကို တစ်နည်းအားဖြင့် သက်သေပြပေးလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။