ICloud Drive ထဲကပျောက်ပျက်သွားတဲ့ Files တွေပြန်ယူနည်း

ကိုယ်က တစ်ခါတလေ File တွေကို မတော်တဆဖျက်မိတာပဲဖြစ်ဖြစ်၊ အကြောင်းမရှိဘဲ ရုတ်တရက် ကိုယ့် File တွေက iCloud Drive ထဲမှာပျောက်နေတာပဲဖြစ်ဖြစ် ပြန်ရယူတဲ့နည်းလမ်းကိုဖော်ပြလိုက်ပါတယ်။

Photos ထဲကလိုပဲ iCloud ထဲမှာလည်းကိုယ်ဖျက်မိလိုက်တဲ့ File တွေဟာ ရက် ၃၀အထိ မပျောက်မပျက်သေးဘဲ ရှိနေမှာဖြစ်ပါတယ်။ ဒီလို iCloud Drive ထဲကနေ File တွေပြန်ယူနိုင်ဖို့ဆိုရင်တော့ အစကတည်းကကိုယ့်ရဲ့ Device မှာ iCloud Drive ကိုဖွင့်ထားပေးဖို့တော့ လိုပါတယ်။ ဒါ့အပြင် ကိုယ်က iCloud မှာသိမ်းထားစေချင်တဲ့ Option တွေကိုဖွင့်ထားပေးလို့လည်းရပါတယ်။

iCloud Drive ဖွင့်ခြင်း

ကိုယ်က iPhone, iPad, iPod Touch သုံးနေတယ်ဆိုရင်

  1. Settings > [ကိုယ့်နာမည်] ကိုသွားပြီး iCloud ကိုဝင်ပေးပါ။
  2. အောက်နားမှာ iClould Drive ကိုဖွင့်ထားပေးဖို့လိုပါတယ်။
  3. ပြီးရင် ကိုယ်က iCloud ပေါ်မှာ သိမ်ထားစေချင်တဲ့ Option တွေကိုဖွင့်ထားနိုင်ပါတယ်။ (ဥပမာ – Contacts, Calendars, Notes, etc)

ကိုယ်က Mac သုံးနေတယ်ဆိုရင်

  1. Apple Menu > System Preferences ကိုသွားပြီး Apple ID ကိုနှိပ်ပါ။ (ကိုယ်က Mojave ဒါမှမဟုတ် ရှေ့က Version ဆိုရင်တော့ Apple ID ကိုနှိပ်စရာမလိုပါဘူး)
  2. iCloud ကိုနှိပ်ပါ။
  3. Apple ID တောင်းရင် ဝင်ပေးလိုက်ပါ။
  4. ပြီးရင် iCloud Drive ကိုဖွင့်ပေးပါ။
  5. ကိုယ် Mac ထဲက Data တွေကို iCloud နဲ့ Sync ထားချင်တယ်ဆိုရင် ကိုယ်ကြိုက်တဲ့ Option ကိုဖွင့်ထားနိုင်ပါတယ်။ (ဥပမာ – Contacts, Calendars, Notes, etc)

ဟုတ်ပြီ။ ဒါဆိုရင် Data Recovery ကိုဆက်သွားကြရအောင်။

iCloud ကနေ Data Recovery လုပ်ဖို့အတွက် Mac, iPad ဒါမှမဟုတ် Desktop Version ကိုသုံးနိုင်တဲ့ Browser တစ်ခုခုနဲ့ ဝင်ဖို့လိုပါတယ်။

iOS နဲ့ iPadOS သုံးနေတဲ့ Device အနေနဲ့ Files app ကနေပြီးတော့ Recently Deleted ကနေလည်း ရှာလို့ရပါတယ်။ ဒါပေမဲ့ iCloud.com ကနေပြန်ရှာလို့ရသလောက်တော့ အဲ့မှာ တွေ့မှာမဟုတ်ပါဘူး။

နောက်တစ်ခုကလည်း ကိုယ်ဖျက်တဲ့အခါကတည်းက Permanently Delete နဲ့ဖျက်မိမယ်ဆိုရင်တော့ ပြန်ယူလို့လုံးဝမရနိုင်ပါဘူး။

iCloud Drive ကနေပျောက်ဆုံးနေတဲ့ Files တွေကို ပြန်ယူနည်း

  1. iCloud.com ကို ကိုယ့်ရဲ့ Web Browser ကနေသွားပါ။ (Safari, Chrome, etc.)

2. Log in လုပ်ပြီး ကိုယ့်နာမည်အောက်က Account Settings ဆိုတာကို ဝင်ပါ။

3. အောက်ဆုံးက ဘယ်ဘက်ထောင့်မှာရှိတဲ့ Restore Files ဆိုတာကိုဝင်ပါ။

4. ပြီးရင် Files တွေပေါ်လာတဲ့အခါ ကိုယ် ပြန်ပြီး ယူချင်တဲ့ Files တွေကို အမှန်ခြစ်ပြီး Restore ဆိုတာကို နှိပ်ပါ။ (ဘေးမှာတော့ ဘယ်နှရက်ထိ ကျန်နေဦးမလဲဆိုတာကို သိနိုင်ပါတယ်။)

5. ကိုယ်ရှာနေတဲ့ file ကိုမတွေ့ရင် အပေါ်မှာ Apple ကနေပြောထားတဲ့အတိုင်းပဲ Files/iCloud Drive ထဲက Recently Deleted ကနေလည်းပြန်ရှာလို့ရပါတယ်။

ကိုယ်က Contacts တွေ Calendars တွေကို Restore လုပ်ချင်တယ်ဆိုရင်လည်း Restore Contacts, Restore Calendars စတာတွေကို ဝင်လို့ရပါတယ်။ ဒါဟာ ကိုယ့်က မတော်တဆဖျက်မိလို့ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် ပျက်သွားလို့ပဲဖြစ်ဖြစ် အလွန်အသုံးဝင်စေမယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။

Previous
Previous

Privacy Statement

Next
Next

သက္ကရာဇ် ၂၀ ရဲ့ Reinvented Icon အဖြစ် ထွက်ရှိလာတဲ့ Moto Razr Foldable ဖုန်း