Foldable Smartphone Concept အသစ်ကို ထုတ်ကြွားလိုက်တဲ့ Samsung
Foldable Smartphone Market ကို စတင် ဖန်တီးဖို့အတွက် Galaxy Fold ဟာ Samsung ရဲ့အားထုတ်ကြိုးပမ်းနေမှုတစ်ခုပဲလို့ ဆိုရင်မမှားပါဘူး။ Samsung ဟာ နည်းပညာအသစ်အဆန်းတွေကို အမြဲသယ်လာတတ်တာဖြစ်တဲ့အလျောက် အခုလည်း သူတို့ရဲ့ Foldable Smartphone အသစ်ရဲ့ Concept ကိုထုတ်ပြလိုက်ပြန်ပါပြီ။
ဒီနေ့ မနက်မှာပဲ Samsung ဟာ US မှာလုပ်တဲ့ Developer Conference တစ်ခု(SDC 2019) မှာ သူတို့ နောက်ထပ်ထုတ်လုပ်မယ့် Foldable Smartphone ရဲ့ Concept ကိုထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။
Galaxy Fold မှာတုန်းက Screen ဟာ အတွင်းကို (Fold In) ခေါက်သွင်းရတာ ဖြစ်ပါတယ်။ ဒါ့အပြင် Tablet အနေအထားမှာ အပေါ်ညာဘက်ထောင့်မှာ Screen ထဲကိုထိုးဝင်နေတဲ့ Notch နဲ့ဖြစ်ပါတယ်။
Samsung ကနေထုတ်လိုက်တဲ့ Concept Video အရ နောက်ထွက်မယ့် Foldable Smartphone အသစ်ဟာ Flip ဖုန်းတွေလို ပြန်ခေါက်နိုင်သလို Note 10 မှာလိုပဲ Infinity O Display ကိုအသုံးပြုနိုင်ခြေရှိပါတယ်။ အဲ့ဒါကြောင့် Galaxy Fold လို Hinge ကအလျားလိုက်အလယ်မှာမဟုတ်တော့ဘဲ ထောင်လိုက်အလယ်မှာ ဖြစ်သွားနိုင်ဖွယ်ရှိပါတယ်။

ဒီ Concept ကစပြီးအသိပေးနေတာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းကလည်း တရုတ်ပြည်ရဲ့ Expo တစ်ခုမှာ Samsung က W20 5G ဆိုတဲ့နာမည်ပါတဲ့ Poster တစ်ခုနဲ့ Tease လုပ်ခဲ့ပါသေးတယ်။

ဒီ Concept သာအမှန်တကယ်ဖုန်းတစ်လုံးဖြစ်လာမယ်ဆိုရင် အတော်စိတ်ဝင်ကောင်းစရာဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် Foldable Smartphone တွေဟာ သာမန်အသုံးပြုသူတွေအတွက် အဆင်သင့်မဖြစ်သေးတာကိုတွေ့နိုင်ပါတယ်။ ဒါဟာ ပစ္စည်းတန်ဖို့ကလည်း အလွန်ဈေးကြီးသလို နေ့စဉ်အသုံးပြုမှုအတွက် လုံးဝမသင့်တော်သေးတာကြောင့်ဖြစ်မယ်လို့ ထင်ပါတယ်။
Samsung အနေနဲ့ ပထမဆုံး Foldable Phone ကို September 2019 မှာမိတ်ဆက်ခဲ့ပြီး အမှန်တကယ် လက်ထရောက်သွားတဲ့အခါ မထင်မှတ်တဲ့ ပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုပဲ Huawei ရဲ့ ပထမဆုံး Foldable Phone မျိုးဆက်ဖြစ်တဲ့ Mate X ဟာလည်း မိတ်ဆက်ပြီးပေမယ့် ဈေးကွက်ပေါ်တင်ဖို့ အလွန်အမင်းနှောင့်နှေးကြန့်ကြာနေပါတယ်။

Foldable Smartphone တွေရဲ့ဈေးဟာလည်း $2000ကျော် (မြန်မာငွေ သိန်းလေးဆယ်ကျော်) တွေဖြစ်တဲ့အတွက်ကြောင့် တော်ရုံတန်ရုံလူတစ်ယောက်အတွက် ဝယ်ဖို့ခဲယဉ်းနေဆဲပါပဲ။ ဒါပေမဲ့ နောက်နောင်တွေမှာ Foldable Smartphone တွေဟာ ဘယ်လိုခေတ်စားလာဦးမလဲဆိုတာကိုတော့ သူတို့တွေရဲ့ ယှဉ်ပြိုင်ထိုးဖောက်မှုတွေကို စောင့်ကြည့်ရမှာပါ။
Source: CMMO