Exynos 990 Flagship Chip အသစ် မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung
Samsung ကနေပြီးတော့ Exynos 980 ကိုမိတ်ဆက်ပြီးတဲ့ လအနည်းငယ်နောက်ပိုင်းမှာပဲ နောက်ထပ် အသစ်ဖြစ်တဲ့ Exynos 990 Chipset နဲ့ 5G Exnynos Modem 5123 ကိုပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။
Exynos 990 ဟာ Samsung ရဲ့ 7nm Process ကိုအခြေခံတည်ဆောက်ထားတာဖြစ်ပြီး GPU ကလည်း Mali-G77 ကိုအသုံးပြုထားတာဖြစ်ပါတယ်။ Mali-G77 ဟာ Exynos 980 ထက် ပိုပြီး Graphical Performance ပိုကောင်းပြီး Power Efficiency ကိုလည်း 20% ပိုကောင်းစေတဲ့အပြင် Octa-core CPU ဖြစ်တဲ့အတွက်ကြောင့် Performance ကိုလည်း 20% ပိုမြန်စေမှာပါ။

Memory Controller ကလည်း အရင်က LPDDR4X ထက် အခု Exynos 990 မှာ LPDDR5 ကိုသုံးထားတဲ့အတွက် ပိုပြီး Power Efficient ဖြစ်ပြီး ပိုပြီး မြန်ဆန်လာစေမှာဖြစ်ပါတယ်။ Camera ပိုင်းကိုထောက်ပံ့တဲ့အခါမှာလည်း Camera ၆လုံးအထိထောက်ပံ့ပေးနိုင်ပြီး အမြင့်ဆုံး Resolution 108 Megapixels အထိထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Display ရဲ့ Refresh Rate ကိုလည်း 120 Hz ထိထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။
တစ်ခုရှိတာဟာ Exynos 990 ဟာ Performance ပိုင်းမှာအားကောင်းလာပေမဲ့ သူ့ရဲ့က Chipset ဖြစ်တဲ့ Exynos 980 တုန်းကလို Chipset နဲ့အတူ 5G Modem Built-in ပါမလာပါဘူး။ Exynos 990 ချည်းသက်သက်ဆိုရင် 5G ကို Support မလုပ်ပေးနိုင်တဲ့အတွက် 4G Device တွေအတွက်တော့အတော်အားကောင်းတဲ့ Chipset ဖြစ်မှာပါ။

နောက်ထပ်အသစ်ထွက်လာတဲ့ Samsung ရဲ့ 5G Exynos Modem 5123 ကလည်း 7nm Process ကိုအခြေခံပြီးထုတ်ထားတာဖြစ်ပါတယ်။ ဒီ Chipset ကတော့ 5G အမျိုးအစားနှစ်မျိုးဖြစ်တဲ့ sub-6GHz ရော mmWave ကိုရောထောက်ပံ့နိုင်ပါတယ်။ ဒီနေရာမှာ mmWave နည်းပညာက ထောက်ပံ့မှုအသစ်ဖြစ်ပြီး 5G Modem Built-in ပါတဲ့ Exynos 980 မှာမပါတဲ့ နည်းပညာဖြစ်ပါတယ်။ Samsung ပြောသလိုအရဆိုရင် Exynos Modem 5123 ဟာ sub-6GHz မှာ Download Speed ဟာ 5.1Gbps ရှိပြီး mmWave မှာတော့ 7.35Gbps ရှိမယ်လို့ဆိုထားပါတယ်။
ဒီ Chipset တွေကိုဘယ်ဖုန်းတွေမှာ အသုံးပြုသွားမယ်လို့တော့ Samsung ကမဆိုထားပါဘူး။ ဒါပေမဲ့ ဒီနှစ်ကုန်မှာ စတင်ဖို့ရှိပြီး Samsung Galaxy S11 မှာအသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
Source: The Verge ၊ Indian Today ၊ GSMArena