eSports နဲ့ AAA ဂိမ်းတွေအတွက် အသင့်တော်ဆုံး ROG Strix G

ဂိမ်မာတွေ အနှစ်သက်ဆုံးက Gaming Laptop ကြီးတွေပါ။ အမြင်အားဖြင့် တင့်တယ်ကြလွန်းလို့ ကိုယ့်မှာ Gaming Desktop ရှိနေရင်တောင် ဒါလေးရှိရင် သိပ်ကောင်းမှာပဲလို့ အတွေးဝင်ကြတယ်။

ပြဿနာက Laptop ဝယ်ပြီး ဂိမ်းဆော့ဖို့ လွယ်လွယ် မစဉ်းစားကြတာပါ။ Performance ပိုင်းမှာ အရမ်း စကားပြောတဲ့အတွက် ဒေါ်လာ ၁,၅၀၀ ချင်း အတူတူဆိုရင်တောင် Desktop ကို ရွေးကြတယ်။

Laptop ဆိုရင် သယ်သွားလို့ရပေမယ့် ဖင်ထူပြီး လေးလံလွန်းတဲ့ Gaming မျိုးကျ ပုခုံးအနာခံပြီး မယူချင်တော့ဘူး။
အဲ့လို အခက်ခဲမျိုး ရှိနေပမယ့် ၂၀၁၉ မှာ အရမ်းကို Powerful ဖြစ်လွန်းတဲ့ Mobile GPU ထွက်လာတယ်။

ROG Strix G
Image (ASUS)

ဒေါ်လာ ၁,၃၀၀ လောက် ဖြုန်းလိုက်ရင်ပဲ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က GTX 1070 Gaming Desktop ကြီးကို အိတ်ထဲ ထည့်သွားလို့ရလာပြီ။
လေးမယ်မထင်နဲ့ 2.3Kg ဆိုရင် လူတိုင်းသယ်နိုင်တယ်။ Price က Budget နွယ်တယ်ဆိုမယ့် တစ်နေရာမှ ဝိတ်လျှော့ထားတာမျိုး မရှိဘူး။

အခုဂိမ်မာတွေကို မိတ်ဆက်ပေးချင်တာက ROG စီးရီးမှာ ရွေးချယ်နိုင်တဲ့ Strix G ပါပဲ။ ဒီမော်ဒယ်ကို Recommend ပေးချင်တာ တခြားမဟုတ်ပါဘူး။

ROG Strix G

eSports ဂိမ်းတွေကို 120fps အပြည့်တွန်းပေးနိုင်တယ်၊ AAA ဂိမ်းတွေဆိုရင် 60fps ဝန်းကျင် ကစားနိုင်တာမလို့ ဝယ်ဖို့ စိတ်ကူးထားရင် မလွဲလိုက်ပါနဲ့။

Strix G531GU & G731GU
Image (ASUS)

Intel Core i7-9750H

ဒေါ်လာ ၁,၃၈၉ ကျသင့်မယ့် Strix G (G531GU) မော်ဒယ်မှာ Intel Core i7-9750H Processor နဲ့ GTX 1660Ti ပါဝင်တယ်။Display ကိုတော့ FHD IPS Level Panel သုံးထားတယ်၊ 120fps ရတဲ့အတွက် ခုနပြောသလို eSports ဂိမ်းတွေအတွက် လုံလောက်တယ် ပြောနိုင်ပါတယ်။

Strix G Performance Table
Performance Chart

GTX 1660 Ti 6GB GDDR6

RAM ကို DDR4 8GB ပဲထည့်ထားပေမယ့် ထပ်တိုးနိုင်တယ်။ နောက်အားသာချက်တစ်ခုက G531GU မှာ PCIe အမျိုးစား Intel SSD 512GB သုံးပေးထားပါတယ်။
စဉ်းစားကြည့်နော် ဒီ Specification အတိုင်းဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဒေါ်လာ ၂၀၀၀ လောက် အနည်းဆုံးပေးရလိမ့်မယ်။

Strix G SSD Speed
SSD Performance

Intel SSD

ဂိမ်းကစားတဲ့အခါ GPU Power အရေးကြီးဆုံးဆိုတော့ တတ်နိုင်သမျှ မော်ဒယ်မြင့်တာ ထည့်နိုင်လေ ကောင်းလေပဲ။ ဒါမယ့် ပြဿနာတက်လာမှာက ပိုက်ဆံပဲ။
အခု G531GU မှာ GTX 1070 နဲ့ Level တူ ဖြစ်နေတဲ့ GTX 1660 Ti 6GB GDDR6 သုံးထားတယ်။

80 ကနေ 90W DTP ပဲရှိတဲ့အတွက် ဘက်ထရီနဲ့တောင် AAA ဂိမ်းတွေ ဆော့နိုင်တယ်။ ယုတ်စွအဆုံး RTX 2060 နဲ့ 15% ပဲ ကွာတဲ့အတွက် Ultra Setting မှာ 60fps ကစားနိုင်တယ်။

Stirx G 15 & 17
Keyboard

ဒီလို ဂိမ်း Performance ကောင်းကောင်း ဆော့နိုင်ပြီဆိုမယ့် ပါဝါစားများလေ အပူပိုထွက်လေဆိုတဲ့ နိယာမက စဉ်းစားစရာ ဖြစ်စေမယ်ထင်ပါတယ်။
Laptop ဆိုရင် ပိုဆိုးပြီ။ အဲ့မှာ အပူကို Control လုပ်ဖို့ Strix G ဒီဇိုင်းက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောချင်ပါတယ်။

Better Thermal Control

ကိုယ်ထည် နောက်ဖက်ကို ၁ လက်မလောက် နေရာပေးလိုက်တာက လေပူ၊ လေအေး စွန့်ထုတ်ဖို့ Air Space ပိုရလာတယ်။
AAA ဂိမ်းကစားရင်တောင် CPU နဲ့ GPU အပူချိန်ကို အများဆုံး 76°C နဲ့ 78°C အကြား ထိန်းပေးနိုင်တဲ့အတွက် Thermal Throttling ဖြစ်တာမျိုး မရှိပါဘူး။

ဒိထက် ပိုအေးချင်ရင် Armoury Crate နဲ့ Fine Tuning လုပ်နိုင်တဲ့အတွက် Software Optimization ပိုကောင်းလာပါတယ်။ တစ်ခုပဲ အနှောက်ယှက် ဖြစ်စေမှာက ပန်ကာသံ ကျယ်တယ်။

Noisy Fans

52dBA ဆိုတာ လုံးဝဂိမ်းအသံ မကြားရတော့အတွက် နားကြပ်မသုံးပဲ Speaker နဲ့ ဂိမ်းဆော့လိုသူတွေအတွက် အဆင်မပြေနိုင်ဘူး။
ဒိအတွက် Silent Mode နဲ့ ဆော့လို့ရပေမယ့် အားနည်းချက်က စွမ်းဆောင်ရည် ၃၀% လောက် ပြုတ်ကျသွားမယ်၊ ကိုယ်ထည်လည်း 5°C လောက် ပိုပူလာနိုင်ပါတယ်။

Strix G
Fan Profile

Software Optimization

ဒါကြောင့် Strx G ကို Default Setting နဲ့ သုံးတာထက် GTX 1660 Ti ကို Under Voltage လုပ်သုံးရင်သုံး ဒါမှမဟုတ် Core နဲ့ Memory Frequency ကို 5% လောက် လျှော့သုံးတာက ပို Safe ဖြစ်ပြီး Performance အကြီးကျယ် Impact ဖြစ်တာမျိုး မရှိစေပါဘူး။

ဒါကတော့ Option ပေါ့နော်၊ ကိုယ်နှစ်သက်ရာ အနေထားနဲ့သုံးနိုင်တဲ့အတွက် Strix G ကို စိတ်ကြိုက် Customize လုပ်နိုင်တဲ့ Gaming Laptop လို့ ပြောနိုင်တယ်။

Strix G Audio
4W Speakers

4W Speakers

ဒီကောင့်မှာပါတဲ့ 4W Speaker ၂ လုံး ဆိုတာ သာယာငြိမ့်ညောင်းတဲ့ သံစဉ်ထုတ်ပေးနိုင်တဲ့အပြင် Bass သံကိုလည်း ခံစားနိုင်တယ်။

66Whr Battery နဲ့ ဆိုတော့ ၄ နာရီ ၅ နာရီလောက် အသုံးခံမယ်၊ ဒီလို အချိန်ကြာကြာဆွဲသုံးချင်တယ်ဆိုရင်တော့ Armoury Crate မှာ Windows Mode နဲ့ အလုပ်လုပ်ဖို့ လိုပါလိမ့်မယ်။

Strix G Cooling Solution
Air Ventilation System

Inspired by BMW Design

Strix G ဟာ ပြည့်စုံတဲ့ Gaming Laptop လို့ မဆိုရပေမယ့် BMW ကားဒီဇိုင်း (ကျနော်ကတော့ Heat Exhaust ဒီဇီုင်းပိုမိုက်တယ်လို့ပဲ မြင်ပါတယ်) က ဆွဲဆောင်မှုရှိတယ်။
အောက်က RGB Light Bar က Disco Laptop နဲ့ပိုတူစေတယ်။ Keyboard ပိုင်းနဲ့ Fan Control ပိုင်း လိုအပ်သေးတယ်ဆိုမယ့် eSports နဲ့ AAA ဂိမ်းတွေကို စိတ်ကြိုက် ကစားနိုင်မယ့် Laptop လို့တော့ ရဲရဲကြီး အာမခံပါတယ်။

Previous
Previous

Intel Modem Business တစ်ခုလုံးကို $1 Billion နဲ့ဝယ်ယူလိုက်တဲ့ Apple

Next
Next

Zephyrus S GX701 Review